အမာ ၁၆ ဧပြီ

 


ဧရာဝတီတိုင်းဒေသကြီး အမာမြို့တွင် မြန်မာ့ရိုးရာ ကျေးလက်အတာသင်္ကြန်ကို သင်္ကြန်အကြိုနေ့မှစတင်ကာ ပျော်ရွှင်စွာဆင်နွှဲခဲ့ပြီး ရခိုင်လူမျိုးများ၏ ရိုးရာလောင်းလှေဖြင့် ရေပက်ကစားခြင်း၊ အမြတ်ကမ်းခြေတွင် ကျေးလက်သဲသောင်ပြင် ရေကစားခြင်းများဖြင့် ရပ်နီးရပ်ဝေးမှ လာရောက်ရေပက်ကစားကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

 


ရခိုင်ရိုးရာရေသဘင်အား နံနက် ၁၀ နာရီမှစတင်ဖွင့်ပေးပြီး ညနေ ၅ နာရီအထိ နေ့စဉ်ရေကစားသူများပြားခဲ့သလို အမြတ်ကမ်းခြေအား အချိန်ပြည့်ဖွင့်ပေးခဲ့ပြီး တာဝန်ရှိသူများမှ လာရောက်ဆင်နွှဲကြသည့် ပြည်သူများ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်စေရန်နှင့် ဘေးအန္တရာယ်မရှိစေရေးအတွက် လုံခြုံရေးများ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

 

ိိ


အတာသင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားရေသပ္ပါယ်ခြင်း၊ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲများ ပြုလုပ်မည်ဖြစ်ပြီး မင်္ဂလာရှိသော မြန်မာ့နှစ်ကူးအတာသင်္ကြန်အား ယဉ်ကျေးမှုမပျက်စေဘဲ ရိုးရာကို ထိန်းသိမ်းကာ ပျော်ရွှင်စွာဆင်နွှဲကြကြောင်း သိရသည်။

 


ဝင်းမြင့်အောင်(ပြန်/ဆက်)