ထန်းတပင် ၁၄ မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် (Mask) နှာခေါင်းစည်း တပ်ဆင်ကာသွားလာစေရေး အသိပညာပေးနှိုးဆော်မှုများနှင့် Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းကို မြို့နယ်တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး မေ ၁၄ ရက် နံနက်ပိုင်းက ဒုတိယမြောက်နေ့အဖြစ် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း အခု ၂၇၀၀ (အခမဲ့) ဖြန့်ဝေပေးခြင်းကို မြို့နယ်အတွင်းရှိ ကုက္ကိုဝတံတားအဆင်း၊ ထန်းတပင်လမ်းဆုံကားဂိတ်၊ မြို့နယ်မီးသတ်ဦးစီးဌာနရှေ့၊ ဒိတ်ကုန်းကျေးရွာထိပ်၊ ကျူတောလမ်းဆုံ၊ လှည်းဆိပ်ကျေးရွာ၊ ရေပေါ်သောင်တံတားနှင့် မြို့ချောင်းတံတားတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အသိပညာပေးဆောင်ရွက်ရာတွင်  တိုင်းဒေသကြီး() လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ တိုင်းဒေသကြီး() လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်တာဝန်ရှိသူများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ကုက္ကိုဝတံတားအဆင်း၊ ထန်းတပင်လမ်းဆုံကားဂိတ်၊ မြို့နယ်မီးသတ်ဦးစီးဌာနရှေ့၊ ဒိတ်ကုန်းကျေးရွာထိပ်၊ ကျူတောလမ်းဆုံ၊ လှည်းဆိပ်ကျေးရွာ၊ ရေပေါ်သောင်တံတားနှင့် မြို့ချောင်းတံတားတို့တွင် ဖြတ်သန်းသွားလာနေကြသည့် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ကာ သွားလာကြရန် အသိပညာပေးမှုများကို ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းမတပ်ကာ သွားလာကြသူများကိုလည်း နှာခေါင်းစည်းများကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

အများပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ကာ သွားလာရန် အသိပညာပေးမှုများနှင့် နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေပေးခြင်းကို မေ ၁၃ ရက်မှစတင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မေ ၁၅ ရက်အထိ ()ရက်တာ ဆောင်ရွက်သွားမည်ဖြစ်ကာ အသိပညာပေးမှုများ ဆောင်ရွက်ပြီးသွားပါက နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာနေသူများကို အရေးယူသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)