mdn

မေ ၂၆

 

မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသည့် ကမ်းဝေး ငါးဖမ်း/ငါးသယ်ရေယာဉ်အားလုံးတွင် E-MTU/Transponde r(VMS ကိရိယာ) များကို (၃၁--၂၀၂၀) ရက်နေ့တွင် တပ်ဆင်ခဲ့ပြီးဖြစ်၍ ငါးလုပ်ငန်းဦးစီးဌာန၏ VMS Control Center များမှ စောင့်ကြည့်ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ (--၂၀၂၀) ရက်နေ့မှ (၃၁--၂၀၂၀)ရက်နေ့ထိ ကမ်းနီးငါးလုပ်ငန်းရေပြင်၊ Marine Protected Area အဖြစ် သတ်မှတ်ထားသော လန်ပိကျွန်းဧရိယာနှင့် တားမြစ်ထားသည့်ငါးဖမ်းကွက် (F13, F14, F20, F21) များအတွင်းသို့ ဝင်ရောက်ငါးဖမ်းဆီးသော စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များ၏ ပိုင်ရှင်များ၊ ရေယာဉ်မှူးများ၊ တရားဝင်ရေယာဉ်ကိုယ်စားလှယ်များအား ဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ အလားတူစည်းကမ်းဖောက်ဖျက်မှုမျိုး ထပ်မံပြုလုပ်ခြင်းမရှိစေရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်း၊ ငါးလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် ငါးလုပ်ငန်းဆိုင်ရာအသင်း အဖွဲ့များသို့ ဖြန့်ဝေအသိပေးခြင်းတို့ကို အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခြင်း၊ MRTV ရုပ်သံတို့မှ အသိပေးကြေညာခြင်းနှင့် စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်စာရင်းအား ငါးလုပ်ငန်းဦးစီးဌာန၏ Website တွင်()ကြိမ်တိုင်တိုင် အသိပေးကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

 

တည်နေရာ သတင်းအချက်အလက်ပေးပို့မှု မရှိသည့်ရေယာဉ်များ (Silent Vessels) ပိုင်ရှင်များ၊ တရားဝင်ကိုယ်စားလှယ်များအား ရေယာဉ်၏တည်နေရာ သတင်းအချက်အလက်ပေးပို့မှု ပြတ်တောက်စေမည့် စက်ဖြုတ်ခြင်း၊ စက်ပိတ်ခြင်းတို့ကို လုံးဝမပြုလုပ်စေရန်၊ ရေယာဉ်၏ တည်နေရာပြန်လည်ပေးပို့စေရန်နှင့် အလားတူကိစ္စရပ်မျိုး ထပ်မံပြုလုပ်ခြင်းမရှိစေရန်အတွက် ဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေးခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုးစေခြင်းအပြင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များသို့ ဖြန့်ဝေအသိပေးခြင်းတို့ကိုလည်း အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အထက်ဖော်ပြပါ စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း/ ငါးသယ်ရေယာဉ်များအား (--၂၀၂၀) ရက်နေ့မှစတင်၍ ငါးလုပ်ငန်းဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၈) နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူများနှင့် ရေလုပ်ငန်းရှင်များသိရှိစေရန် အသိပေးကြေညာအပ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန