၂၂ ဇွန်
၁။ Coronavirus Disease 2019 (COVID-19) 84:28cq:ac zac9scot တုံ့ပြန်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရောဂါကူးစက်ခံရနိုင်မှု အခြေအနေကို ခြေရာခံဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် Coronavirus Disease 2019 (covD-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ICT နည်းပညာ အထောက်အကူပြုလုပ်ငန်းအဖွဲ့ အနေဖြင့် “စောစောရှာ" Mobile Application ကို ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။
၂။ “စောစောရှာ” Mobile Application အား ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများ အပါအဝင်၊ ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲစေခြင်းဖြင့် ICT နည်းပညာ အထောက်အကူဖြင့် ကူးစက်ခံရနိုင်ခြေ ရှိသူများကိုလည်း ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပြီး၊ ရောဂါကူးစက်ခံရနိုင်မှု အခြေအနေ ထိန်းချုပ်နိုင်ရေးကိုလည်း များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။
၃။ ပြည်သူများအနေဖြင့် “စောစောရှာ” Mobile Application ကို မိမိတို့၏ မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည် -
(က) ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့ခဲ့နိုင်မှု အခြေအနေကို နေရာ၊ အချိန်တို့နှင့် ဆက်စပ်၍ သိရှိနိုင်ခြင်း၊
(ခ) ရောဂါကူးစက်ခံထားရသူများ သွားလာခဲ့သည့် နေရာများစာရင်းကို ဤ“စောစောရှာ” Mobile Application အသုံးပြုသူ များအနက်မှ အဆိုပါနေရာများသို့ သွားလာခဲ့သူများကို သတိပေးချက် ဆောလျင်စွာ ပေးပို့နိုင်ခြင်းကြောင့် မိမိအနေဖြင့် ရောဂါကူးစက်ခံထားရသူနှင့်အတူ ရှိနေခဲ့ခြင်းနှင့် ထိတွေ့ခဲ့မှု ရှိ/မရှိ တို့ကို ဆောလျင်စွာ သိရှိနိုင်ခြင်း၊
(ဂ) ပုံမှန်နေထိုင်စဉ် အခြေအနေတွင် ဖြစ်စေ Quarantine ပြုလုပ်နေစဉ် ကာလအတွင်းဖြစ်စေ မိမိ၏ ကျန်းမာရေးအခြေအနေ အား သတင်းပေးပို့နိုင်သဖြင့် လိုအပ်ပါက ကုသမှုအကူအညီကို ဆောလျင်စွာ ရရှိနိုင်ခြင်း၊
၄။ အဆိုပါ “စောစောရှာ” Mobile Application ကို သုံးစွဲရန်အတွက် တယ်လီဖုန်းများအတွင်းသို့ Download ပြုလုပ်ခြင်းအပါအဝင် Application သုံးစွဲခြင်းအတွက် အင်တာနက်သုံးစွဲခကို ပြည်သူများအနေဖြင့် ကုန်ကျ စရိတ်မရှိစေရန် တယ်လီကွန်း အော်ပရေတာများက အခမဲ့ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၎င်းအပြင် အပိုဆောင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့အထိ ဤ Application အား ရယူသုံးစွဲသူများကို တစ်လ သက်တမ်းရှိသော 1GB အင်တာနက်အခမဲ့ အသုံးပြုခွင့်ကိုလည်း ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ ပြည်သူများနေအနေဖြင့် coVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကိစ္စရပ်များအတွက် အထောက်အကူဖြစ်စေရေးအတွက် “စောစောရှာ” Mobile Application အား ဖော်ပြပါ ဝက်ဘ်ဆိုက် www. sawsawshar.gov.mm နှင့် Operator များက ခွင့်ပြုသတ်မှတ်ထားသည့် နည်းလမ်းများဖြင့် အခမဲ့ရယူ၍ မိမိတို့၏ မိုဘိုင်းဖုန်းများတွင် ထည့်သွင်း အသုံးပြုကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
၆။ ၎င်း Mobile Application မှ ကောက်ခံရရှိသော အချက်အလက်များ ကိုရယူဆောင်ရွက်ရာတွင် တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ထုတ်ဖော်သွားမည် မဟုတ်ဘဲ၊ COVD-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရောဂါကူးစက် ဖြစ်ပွားနေသည့် သတ်မှတ်ကာလအတွင်းတွင်သာ အသုံးပြုရန် ရယူခြင်းဖြစ်ပြီး အခြားမသက်ဆိုင်သည့် နေရာများတွင် လုံးဝ (လုံးဝ) အသုံးပြုမည် မဟုတ်ပါကြောင်း ဖော်ပြအပ်ပါသည်။
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ
SMS Promotion Message
သင်နှင့် သင့်မိသားစု လုံခြုံစိတ်ချစေရေးအတွက် သင်သွားရောက်ခဲ့သည့် ပတ်ဝန်းကျင်တွင် covD-19 ကူးစက်နိုင်မှ်အခြေအနေကို သိရှိနိုင်ရန် "စောစောရှာ" Application အား ဖော်ပြပါ www.sawsawshar.gov.mm တွင် အခမဲ့ Download ရယူသုံးစွဲ၍ တစ်လသက်တမ်းရှိ 1GB အင်တာနက် အသုံးပြုခွင့်ကို အခမဲ့ရယူလိုက်ပါ။