နေပြည်တော် ၁ အောက်တိုဘာ
ပြည်ထောင်စုအစိုးရအဖွဲ့မှ ယနေ့ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၉ ကို ထုတ်ပြန်ရာ ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်) တနင်္ဂနွေနေ့သည် “ဒီပါဝလီနေ့” ဖြစ်ပြီး အစိုးရရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် ခံစားခွင့်များ မနစ်နာစေရေန် “ဒီပါဝလီနေ့” ရုံးပိတ်ရက်တစ်ရက်ကို တနင်္ဂနွေနေ့နောက် တနင်္လာနေ့ ၂၈-၁၀-၂၀၁၉ ရက်ဖြင့် အစားထိုးဖြည့်စွက်၍ ၂၇-၁၀-၂၀၁၉ ရက်နှင့် ၂၈-၁၀-၂၀၁၉ ရက်တို့အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာသည်။
MDN


