Amazon စီးအီးအိုဖြစ်သူ ဂျက်ဖ်ဘီဇိုဇ်သည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ၂ နှစ်ဆက်တိုက် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။
Forbes မဂ္ဂဇင်းက နှစ်စဉ်နှစ်တိုင်း ချမ်းသာကြွယ်ဝသူများစာရင်းကို ထုတ်ပြန်လျက်ရှိသည်။ ထိုမဂ္ဂဇင်း၏ ပြောကြားချက်အရ ဘီဇိုဇ်မိသားစုမှာ အမေရိကန်ဒေါ်လာ ၁၃၁ ဘီလီယံ ပိုင်ဆိုင်မှုရှိသည်ဟု ဆိုသည်။
မိုက်ခရိုဆော့ ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က အမေရိကန်ဒေါ်လာ ၉၆ဒသမ ၅ ဘီလီယံဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။
ဘီဇိုဇ်သည် မကြာသေးမီက ၎င်း၏ဇနီးနှင့် ကွားရှင်ခဲ့ခြင်းကြောင့် ပိုင်ဆိုင်မှုပစ္စည်းများ တစ်ဝက်စီခွဲဝေမှု ဖြစ်လာနိုင်ကြောင်း အမေရိကန်မီဒီယာက ဖော်ပြသည်။
အသက်၂၁ နှစ်အရွယ် Kylie Cosmetics အလှကုန်ပစ္စည်းတည်ထောင်သူ ခိုင်လီဂျန်နာမှာ ယခုနှစ်အတွက် အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးဖြစ်ပြီး ဖေ့ဘုတ်တည်ထောင်သူ စီအီးအို မတ်ခ့်ဇူကာဘတ်ကို ကျော်သွားခဲ့သည်။
ဂျပန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်မှာ အသားတင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံခန့်ရှိသည့် ကမ္ဘာ့ အချမ်းသားဆုံး ပုဂ္ဂိုလ်အဖြစ် အဆင့် ၄၁ နေရာရှိ တာဒါရှီယာနိုင်း ဖြစ်သည်။ ၎င်း၏နောက်တွင် SoftBank Group ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မာဆာရိုရှီဆွန်က အဆင့် ၄၃ နေရာတွင် ရပ်တည်နေသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်