နယူးယောက် နိုဝင်ဘာ ၁၆

 

နည်းပညာကဏ္ဍတွင် နောက်ဆုံးကြုံတွေ့နေရသည့် အလုပ်နေရာလျှော့ချရေး လှိုင်းဂယက်ကြောင့် အမေဇုန်သည်အလုပ်သမား ၁၀၀၀၀ ခန့် လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြထားသည်။

 

အလုပ်လျှော့ချရေးကို ယခုသီတင်းပတ် အစောပိုင်းတွင် စတင်သွားမည်ဖြစ်ကြောင်း ခိုင်မာသော သတင်းရင်းမြစ်များကို ကိုးကားပြီးသည် နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားသည်။

 

အလုပ်အကိုင် လျှော့ချခြင်းများကို Alexa voice assistant ဌာန၊ လက်လီရောင်းချမှုဌာနနှင့် လူ့စွမ်းအားအရင်းအမြစ် ဌာနများအပါအဝင် Amazon Devices အဖွဲ့အစည်းများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။

 

လာမည့် လအနည်းငယ် အတွင်း ဝန်ထမ်းသစ်များ ငှားရမ်းခြင်းကို ရပ်နားသွားမည်ဖြစ်ကြောင်း အမေဇုန်က နိုဝင်ဘာလ အစောပိုင်းကတည်းက ကြေညာထားသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အွန်လိုင်းဈေးရောင်း ဈေးဝယ်မြင့်တက်လာသည့်ကိစ္စကို ဖြေရှင်းရန် အမေဇုန်သည် ၎င်း၏လုပ်သားအင်အားကို တိုးချဲ့ထားသည်။

 

သို့သော်လည်း နောက်ပိုင်းတွင် အမေဇုန်နှင့် တခြားနည်း ပညာကုမ္ပဏီများသည် ကုန်ကျစရိတ်ကိုချုံ့နိုင်ရန် လုပ်သားအင်အားကို လျှော့ချလာကြသည်။

 

အင်န်အိတ်ချ်ကေ