အမေဇုန်ကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေးရရှိအတွက် ကူညီသွားမယ်လို့ သမ္မတသစ် ဘိုင်ဒင်ထံ စာရေးပြောကြား

၂၁ ဇန်နဝါရီ

 

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တိုက်ဖျက်ရေးအတွက် သမ္မတ ရက် ၁၀၀ အတွင်းမှာ အမေရိကန်နိုင်ငံသား သန်း ၁၀၀ အား ကာကွယ်ဆေး ထိုးနှံပေးသွားလို့ ရည်မှန်းထားပါတယ်။ အဲဒီရည်မှန်းပြည့်မီရန် အမေဇုန်ကုမ္ပဏီက ကူညီပေးသွားမယ်လို့ သမ္မတသစ်ထံ ဒီနေ့(ဗုဒ္ဓဟူးနေ့) စာရေးအကြောင်းကြားပါတယ်။

 

အမေဇုန်ကုမ္ပဏီရဲ့ အကြီးအကဲ ဒေ့ဗ် ကလပ်က အမေဇုန်လုပ်သားတွေအား ကာကွယ်ဆေး မြန်မြန်ထိုးပေးရန် နဲ့ ကုမ္ပဏီရဲ့ အရင်းအမြစ်တွေ အားလုံးကို  ကာကွယ်ဆေး ရရှိရေးတွင် ပါဝင်ကူညီ သွားမယ်လို့ သမ္မတသစ် ထံရေးသားတဲ့ စာတွင် ပါရှိပါတယ်။

 

အမေဇုန်ကုမ္ပဏီဟာ အမေရိကန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်ပြီး လုပ်သား ၈၀၀,၀၀၀ ကျော်အလုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီလုပ်သားတွေဟာ နေအိမ်ကနေ အလုပ်လုပ်လို့ မရတဲ့ အရေးကြီး လုပ်သားတွေထဲမှာ ပါဝင်တာကိုတွေ့ရပါတယ်။

 

အွန်လိုင်းဈေးရောင်းတဲ့ ကုမ္ပဏီ အမေဇုန်ဟာ ကပ်ရောဂါဖြစ်ပွားချိန်မှာ လုပ်ငန်းပိုပြီး တိုးတက်လာတာကို တွေ့ရပါတယ်။

 

အမေဇုန်ကုမ္ပဏီက ဝန်ထမ်းတွေအား ကာကွယ်ဆေး ထိုးပေးရန် ဆေးဝါး ထိုးနှံရေး နေရာတွေကိုလည်း လုပ်ဆောင်ပေးမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

 

သမ္မတသစ် ဘိုင်ဒင်ရဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အား ဘိုင်ဒန်ရဲ့ ကပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့ရဲ့ ထိပ်တန်းအကြံပေး ဒေါက်တာ အန်သိုနီဖောက်ချီ ကလည်း ရက် ၁၀၀ အတွင်း လူပေါင်း သန်း ၁၀၀ အား ကာကွယ်ဆေးထိုးနှံပေးဟာ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်း ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောပါတယ်။

 

MDN

ကိုးကား - AFP