၂၆ သြဂုတ်
ဘရာဇီးနိုင်ငံအတွင်းရှိ အမေဇုန် မိုးသစ်တောအတွင်း မီးလောင်မှုကို ငြှိမ်းသတ်ရန် ကြိုးစားအားထုတ်မှုအပေါ် ပုပ်ရဟန်းမင်းကြီးက ချီးကျူးခဲ့သည်။
အမေဇုန်သစ်တောမီးလောင်မှုသည် စံချိန်တင် မီးလောင်မှုဖြစ်သည်။ ထိရောက်သည့် မီးသတ်အစီအမံများပြုလုပ်ရန်အတွက် နိုင်ငံတကာမှ ကူညီပေးရန် G7 ထိပ်သီးဆွေးနွေးပွဲတွင် ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က ဆွေးနွေးခဲ့သည်။
အမေဇုန်သစ်တော မီးလောင်မှုနှင့် ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်လည်း စိုးရိမ်နေကြောင်း လူထောင်ပေါင်းများစွာကို ဗာတီကန်တွင် တနင်္ဂနွေနေ့က ပြောကြားသည့်မိန့်ခွန်းတွင် ၄င်းကပြောကြားခဲ့သည်။
မီးကိုလည်း တတ်နိုင်သမျှ လျင်မြန်စွာ ထိန်းချုပ်ရန် ကြိုးစားနေကြောင်း ဒါကြောင့် လူအများကို ဆုတောင်းကြရန် ၄င်းကတိုက်တွန်းခဲ့သည်။
အမေဇုန်သစ်တောက အောက်စီဂျင်များနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ထုတ်လွှတ်ပေးသည်။
ပုပ်ရဟန်းမင်းကြီးသည် သစ်တောများ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး အစိမ်းရောင်သစ်တောများသည် ကျွန်ုပ်တို့ကမ္ဘာအတွက် အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံ မိုးသစ်တောအတွင်း နေထိုင်ကြသူ သုံးပုံနှစ်ပုံမှာ ကက်သလစ်ဘာသာဝင်များဖြစ်ပြီး ကမ္ဘာအကြီးဆုံး ကက်သလစ်ဘာသာဝင်များ အများဆုံးနေထိုင်ရာ နေရာဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းပြောကြားချက်ကို ဘရာဇီးအလံများကိုင်ဆောင်၍ နားထောင်နေသော လူအများစုကို တွေ့မြင်ခဲ့ရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်