အမေဇုံတောမီးငြှိမ်းသတ်ရန် ဘရားဇီးစစ်တပ်က ကြိုးစားနေပေမယ့် မီးစတင်လောင်ကျွမ်းနေတဲ့ နေရာသစ်များအများအပြား ရှိနေ

၂၆ သြဂုတ်


အမေဇုံမိုးသစ်တောတွင်းက  တောမီးကို ငြှိမ်းသတ်ရန် C-130 Hercules လေယာဉ်နှစ်စင်းကို ဘရာဇီးအစိုးရက စေလွှတ်ခဲ့ပေမယ့် မီးစတင်လောင်ကျွမ်းနေတဲ့ နေရာအသစ် ရာချီပြီးတွေ့ရသလို တောမီးကို ကိုင်တွယ်ပုံနဲ့ ပတ်သတ်ပြီး ဆန္ဒပြနေတာတွေကလည်း တွေ့ရပါတယ်။ 

 

အမေဇုံမိုးသစ်တောရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဘရာဇီးနိုင်ငံတွင်မှာရှိပြီး ကျန်တဲ့ မိုးသစ်တောကတော့ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပြင်သစ်ဂီနီယာ၊ ဂီနီယာ၊ ပီရူး၊ ဆူရီနာမီ နဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ ပျံနှံ့နေပါတယ်။ 

 

နှစ်စဉ် အမေဇုံမိုးသစ်တောမှာ တောမီးလောင်တတ်ပေမယ့် အခုနှစ်မှာ ပိုပြီးဆိုးဝါးကြောင်း ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်းရှိ ရွန်ဒိုနီယား ပြည်နယ်ရဲ့ ကာကွယ်ရေးဝန်ကြီးက မီးငြှိမ်းသတ်ရန် လေယာဉ်ပျံများနဲ့ ရေလီတာပေါင်း ထောင်ချီပြီး ပို့ထားသလို မီးငြှိမ်းသတ်ရန် စစ်သားဦးရေ ၄၃၀ဝ၀ ရောက်ရှိနေကြောင်း ပြောပါတယ်။ 

 

တောမီးငြှိမ်းသတ်ရန် နိုင်ငံတကာရဲ့ အကူအညီကို လက်ခံကြောင်း ဘိုလီးဗီးယားသမ္မတက ပြောကြား လိုက်ပါတယ်။ တောမီးငြှိမ်းသတ်နေတဲ့အတွက် ဘိုလီးဗီးယား ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲကို ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။ 

 

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ကျင်းပနေတဲ့ G7 ဆွေးနွေးပွဲမှာ အမေဇုံတောမီးအကြောင်းဟာလည်း အဓိကထားဆွေးနွေးရတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေပါတယ်။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေက အမေဇုံတောမီးငြှိမ်းသက်ရန်လိုအပ်တဲ့ အထောက်အပံတွေကို ပေးအပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကနေ့မှာတော့ မီးငြှိမ်းသတ်ရာတွင် ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၂.၃ သန်းကူညီမယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။ 

 

MDN 
ကိုးကား -AFP