အမေရိကန် -  အီရန် ထိပ်သီးဆွေးနွေးပွဲ အဆင်သင့် အခြေအနေဟု ပြင်သစ်သမ္မတ ပြောဆို

၂၅ စက်တင်ဘာ


နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ပြင်ပတွင် အမေရိကန် - အီရန် ထိပ်သီးဆွေးနွေးပွဲ အဆင်သင့်အခြေအနေဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်   က ဆိုသည်။


ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး မက်ခရွန် သည် အီရန်သမ္မတ ဟာဆန် ရိုဟာနီ နှင့် ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် တို့နှင့်အတူ သုံးပွင့်ဆိုင် အစည်းအဝေးကို ယမန်နေ့ အစောပိုင်းက ကျင်းပခဲ့ကြသည်။


ဖြစ်နိုင်ခြေရှိသော အမေရိကန် - အီရန် ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်သည် အီရန်နိုင်ငံ၏ နျူကလီးယား နှင့် ဒုံးကျည်ပရိုဂရမ်များနှင့် အမေရိကန် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေး ကိစ္စရပ်တို့ပါဝင်ကာ ဆွေးနွေးသွားဖွယ်ရှိကြောင်း ဖော်ပြထားသည်။


ထရန့် နှင့် ရိုဟာနီ တို့သည် လာမည့်သီတင်းပတ်များနှင့် လများအတွင်း တွေ့ဆုံဆွေးနွေးရန် တစ်ခုတည်းသာဖြစ်သော အခွင့်အရေးအဖြစ် ရှုမြင်ကြောင်း မက်ခရွန် က အသိပေးပြောကြားခဲ့သည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် -မြင့်မြင့်ချို