ဆိုးလ် ဒီဇင်ဘာ ၁၂

 

အမေရိကန် အက်ဖ် - ၁၆ ဂျက် တိုက်လေယာဉ် တစ်စင်းသည် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ပင်လယ်ဝါ (Yellow Sea) တွင် ပျက်ကျသွားခဲ့ကြောင်း၊ ခုန်ထွက်လွတ်မြောက်လာသော လေယာဉ်မှူးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 

ကိုရီးယား ကျွန်းဆွယ်အနောက်ဘက်ရေပြင်၌ လေ့ကျင့်ပျံသန်းမှု ပြုလုပ်စဉ်အတွင်း ပျက်ကျသွားခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ကထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါလေတပ် အခြေစိုက်စခန်းကို အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့ ပူးတွဲအသုံးပြုလျက်ရှိကြောင်း သိရသည်။ တိုက်လေယာဉ်ပျက်ကျသည့် ဖြစ်ရပ်ကြောင့် ထိုဒေသတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ငါးဖမ်းသမားများ သို့မဟုတ် ငါးဖမ်းလှေများမှာ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း ကိုရီးယား အများပြည်သူပိုင် ရုပ်သံလိုင်း KBS က ပြောသည်။

 

မတော်တဆဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို မသိရှိရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့က ပြောသည်။  

 

အင်န်အိတ်ချ်ကေ