၁၀ စက်တင်ဘာ 

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို အလုပ်က ထုတ်လိုက်ပြီလို့ အင်္ဂါနေ့က ကြေငြာလိုက်ပါတယ်။ ထရန့်က ဘော်တန်ကို နှုတ်ထွက်ဖို့ ပြောခဲ့ရာ ဒီကနေ့မှာတော့ နှုတ်စာရရှိခဲ့ပြီလို့ တွစ်တာမှာ ရေးသားထားပါတယ်။ 

 

သမ္မတ ဒေါ်နယ်ထရန့် နဲ့အမျိုးသားလုံခြုံရေးအကြံပေးဘော်တန်တို့ ကြားမှာမြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် နဲ့တခြား ကိစ္စတွေမှာ သဘောတူညီတွေမရှိခဲ့ဘူးလို့ သိရပါတယ်။ 

 

ဘော်တန်နေရာကို အစားထိုးမယ့်သူနာမည်ကို နောက်သီးတင်းပတ်မှာ ထုတ်ပြန်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။ အခုအစားထိုးမယ့်သူဟာ လေးဦးမြောက် အမျိုးသားလုံခြုံရေးအကြံပေး ကို သုံးနှစ်အတွင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ 

 

ဂျွန်ဘော်တန်ဟာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ၂၀၁၈ ခုနှစ် ဧပြီလက စပြီး မိုက်ကယ်ဖင်း နဲ့ အိတ်ချ် အာ မက်မာစတာ တို့ အလုပ်ကရပ်နားပြီးနောက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP