၃  ဒီဇင်ဘာ

 

ပြီးခဲ့သည့်နှစ်က ဘိုးအင်း ၇၃၇ မက်စ် လေကြောင်းလိုင်း နှစ်ကြိမ်ဆိုးဆိုးရွားရွား ပျက်ကျခဲ့ပြီးနောက် လပေါင်း ၂၀ ကြာ မြေပြင်တွင် ရပ်နားထားခဲ့ရာ ဗုဒ္ဓဟူးနေ့က ပထမဆုံးပြန်လည်ပျံသန်းခဲ့သည်။

 

ဘိုးအင်းလေယာဉ်၏ လုံခြုံစိတ်ချရမှုကို ယုံကြည်မှုရှိကြောင်း ပြသရန် မက်စ်ကုမ္ပဏီ၏ အကြီးမားဆုံးဖောက်သည်များအနက် တစ်ခုဖြစ်သော အမေရိကန်လေကြောင်းလိုင်းများ၏ နောက်ဆုံးကြိုးပမ်းလုပ်ဆောင်ခဲ့သည့် ထိုလေယာဉ်တွင်  သတင်းစာဆရာများ လိုက်ပါကာ တက္ကဆက်ပြည်နယ် ဒါလ်လတ်မြို့မှ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့သို့  ၄၅ မိနစ်ကြာ ပျံသန်းခဲ့သည်။

 

ပြီးခဲ့သည့်လက အမေရိကန်ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးက ဘိုးအင်း ၇၃၇ မက်စ် လေကြောင်းလိုင်း ကုန်သွယ်မှုရပ်နားထားသောအမိန့်ကို  ပယ်ဖျက်ခဲ့ပြီး ကုန်သွယ်မှုပြန်လည်လုပ်ဆောင်ရန်  လမ်းဖွင့်ပေးသည်။

 

အင်ဒိုနီးရှားနှင့် အီသီယိုပီးယားနိုင်ငံတို့တွင် ၂၀၁၉ ခုနှစ် မတ်လက ဘိုးအင်း လေယာဉ်နှစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါလူ ၃၄၆ ဦးလုံး သေဆုံးခဲ့ပြီးချိန်မှစ၍ ကမ္ဘာတစ်ဝန်းတွင် မက်စ်လေကြောင်းလိုင်း ရပ်နားထားခဲ့ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို