၁၂ ဇွန်
အမေရိကန်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna မှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မယ့် တတိယအဆင့်နဲ့ နောက်ဆုံးအကြိမ် စမ်းသပ်မှုကို ဇူလိုင်မှာ ပြုလုပ်မှာဖြစ်ပြီး လူပေါင်း ၃၀,၀၀၀ ပါဝင် စမ်းသပ်ခံမှာဖြစ်ကြောင်း ကုမ္ပဏီက ကြာသပတေးနေ့က ကြေညာပါတယ်။
အခုစမ်းသပ်မှုအဆင့်မှာ သိပ္ပံပညာရှင်တွေကိုလည်း လေ့လာခွင့်ရရှိမှာဖြစ်ပြီး စမ်းသပ်ခံမယ်သူတွေဟာ ကျန်းမာရေးကောင်းမွန်တဲ့ သူတွေအများစု ပါဝင်တာကိုတွေ့ရပါတယ်။ အခုစမ်းသပ်မယ့်အဆင့်ဟာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်မယ့် အဆင့် ဖြစ်ပါတယ်။
Moderna ရဲ့ ဆေးဝါးထုတ်လုပ်ရေး နည်းလမ်းအဆင့်ဆင့်ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) နဲ့ ကုလသမဂ္ဂ (NIH)တို့က ခွင့်ပြုပြီးကြောင်းသိရပါတယ်။
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရေးမှာ ရှေ့ဆုံးကနေ ပြေးနေတဲ့ ကုမ္ပဏီတွေမှာ Moderna လည်း ပါဝင်တာကိုတွေ့ရပါတယ်။ အမေရိကန်အစိုးရဆီကနေ ဆေးဝါးထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၄၈၃သန်း ကို Moderna မှ ရရှိထားကြောင်း သိရပါတယ်။ Modernaမှ ထုတ်လုပ်တဲ့ ဆေးကို မေ ၁၈ ရက်နေ့တွင် ပထမအကြိမ်စမ်းသပ်ရာမှာ ၈ ဦးပါဝင်ကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးဆေးပုလင်းပေါင်း သန်း ၃၀၀ ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ ထုတ်လုပ်နိုင်ရေးဟာ ဆေးကုမ္ပဏီရဲ့ပန်းတိုင်ဖြစ်ပါတယ်။
MDN
ကိုးကား -AFP