၃၀ ဧပြီ
အမေရိကန် နိုင်ငံ ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်ထရန် က ၎င်းရာထူးမှ နှုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ဒေါ်နယ်ထရန့်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နှင့် ရုရှားနိုင်ငံတို့ အကြားဆက်သွယ်မှုကို စုံစမ်းစစ်ဆေးရန် အထူးအကြံပေး တစ်ဦးကို ၂၀၁၇ ခုနှစ်တွင် ရိုဆန်စထန်က ခန့်အပ်ခဲ့သည်ဟု သိရသည်။
ရိုဆန်စထန်သည် ယမန်နေ့က သမ္မတ ထရန့်ထံ ရာထူးမှနှုတ်ထွက်စာ တင်သွင်းခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် နှုတ်ထွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သယ်ယူပို့ဆောင်ရေးဆိုင်ရာလက်ထောက်အတွင်းရေးမှူး ဂျက်ဖရီ ရိုဆန် ကို ၎င်းနေရာတွင် အစားထိုးခန့်ထားရန် အဆိုပြုခဲ့ကြောင်း သိရသည်။
ထရန့်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး နှင့် ရုရှားနိုင်ငံတို့အကြား ပူးပေါင်းလိမ်လည်ရန် ညှိထားသည်ဟူသော စွပ်စွဲပြောဆိုချက် ကို စုံစမ်းစစ်ဆေးရန် အထူးအကြံပေး ရောဘတ် မူလာ ကိုခန့်အပ်ခြင်းနှင့် ပတ်သက်ပြီးထရန့်နှင့် ရိုဆန်စထန် အဆင်မပြေ ဖြစ်ခဲ့ကြောင်း ထရန့်က သတင်းထုတ်ပြန်ခဲ့သည်။
အစောပိုင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ပူးပေါင်းလိမ်လည်ရန် ညှိထားသည်ဟူသော စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး သက်သေအထောက်အထား မတွေ့သော်လည်း ထရန့်သည် ရွေးကောက်ပွဲ တရားမျှတမှု နှင့်ပတ်သက်ပြီး နှောင့်ယှက်ခြင်း ရှိမရှိဆုံးဖြတ်မပေးနိုင်ကြောင်း မူလာ က ပြောကြားခဲ့သည်။
ရိုဆန်စထန် သည် ရာထူးမှနှုတ်ထွက်သွားပြီးနောက် စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး အောက်လွှတ်တော်တွင် သက်သေထွက်ဆိုဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ဆိုသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို