စတော့ဟုမ်း အောက်တိုဘာ ၄

 

အမေရိကန်၊ ဂျာမနီနှင့် ဆွီဒင်နိုင်ငံတို့မှ သိပ္ပံပညာရှင် သုံးဦးသည် ၂၀၂၃ ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့သည်။

 

၎င်းတို့သည် အီလက်ထရွန်များကို လေ့လာရန်အတွက် အလွန်တိုတောင်းသော အလင်းရောင်ကို အသုံးပြုရာတွင် အောင်မြင်မှုများရရှိခဲ့ခြင်းအတွက် နိုဘယ်လ်ဆုချီးမြှင့်ခံရခြင်း ဖြစ်သည်။

 

Pierre Agostini၊ Ferenc Krausz နှင့် Anne L’Huillier တို့သည် အက်တမ်များနှင့် မော်လီကျူးများ အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အလွန်လျင်မြန်သော ဖြစ်စဉ်များကို လေ့လာရန် နည်းလမ်းများကို တီထွင်နိုင်ခဲ့သည်။

 

ထို့ပြင် တိုတောင်းသောအလင်းရောင်မျိုးစုံကို အသုံးပြုရာတွင် အောင်မြင်မှုရရှိသည့် ပထမဆုံး သိပ္ပံပညာရှင်များ ဖြစ်သည်။ ၎င်းတို့အသုံးပြုသည့် အလင်းရောင်များကို “attosecond”ဟုခေါ်သည့် တစ်စက္ကန့်၏ သန်းတစ်ထောင်အတိုင်းအတာနှုန်း ဖြင့် တိုင်းတာနိုင်သည်။

 

များစွာအထောက်အကူပြု

 

အီလက်ထရွန်ဆိုင်ရာ လေ့လာမှုများ ဆက်လက်လုပ်ဆောင်ရန် ၎င်းတို့၏တွေ့ရှိမှုများသည် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း နိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီက ဆိုသည်။

 

၎င်းတို့၏ တွေ့ရှိချက်များသည် အီလက်ထရွန်နစ် ပစ္စည်းများတွင် အီလက်ထရွန်များ အလုပ်လုပ်ဆောင်ပုံနှင့် ပတ်သက်ပြီး လူသားများ၏နားလည်မှုကို ပြောင်းလဲစေသည့်အပြင် ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေရေး တွင်လည်း မော်လီကျူးများကို  ခွဲခြားသတ်မှတ်နိုင်စေရန်    မီးမောင်းထိုးပြပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်