ကျိုတို ၂၇ ဩဂုတ် 


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် လာမည့်လအတွင်း ကျင်းပမည့် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး၌ ကုန်သွယ်ရေးသဘောတူညီ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့ကြကြောင်း သတင်းများအရ သိရသည်။


ခေါင်းဆောင်နှစ်ဦးက ဂျီ-၇ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် သီးခြားဆွေးနွေးခဲ့ခြင်းဖြစ်သည်။


အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဂျပန်ကုန်သွယ်ရေးဝန်ကြီး တိုရှီမီဆု မိုတီဂီတို့၏ နှစ်နိုင်ငံ စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေး ကဏ္ဍများနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။


နှစ်နိုင်ငံဆွေးနွေးမှုများသည် တိုးတက်ကောင်းမွန်သော ရလဒ်ထွက်ပေါ်မှုများ ရှိသည့်အတွက် ဝမ်းသာကျေနပ်မိပါကြောင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခြင်းသည် နှစ်နိုင်ငံပြည်သူများအတွက် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေပါကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဆိုသည်။


ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်