အမေရိကန် ဈေးကွက်ထဲကို တရုတ်နိုင်ငံထုတ် ကားတွေ ထိုးဖောက် ဝင်ရောက်ဖို့ စီစဉ်နေ

ပေကျင်း ၁၇ ဇန်နဝါရီ

 

လာမယ့်နှစ်မှာ တရုတ်နိုင်ငံထုတ် ကားတွေကို အမေရိကန် ဈေးကွက်ထဲ ထိုးဖောက် ဝင်ရောက်ဖို့ စီစဉ်ထားတယ်လို့ တရုတ်ကား ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

ကမ္ဘာတစ်ဝန်းရှိ ကားထုတ်လုပ်ရေး ကုမ္ပဏီ ၄၃ ခုက သူတို့ရဲ့ ကားတွေကို လာရောက်ပြသခဲ့တဲ့ ဒတ်တွိုက် ကားပြပွဲမှာ ကွမ်ကျိုး ကားထုတ်လုပ်ရေး အုပ်စုမှ တနင်္လာနေ့က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

အဲဒီကားကုမ္ပဏီဟာ ဒီနှစ်ပြပွဲမှာ ဝင်ရောက်ပြသခဲ့တဲ့ တစ်ခုတည်းသော တရုတ်နိုင်ငံက ကားထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီကုမ္ပဏီကနေ  စွမ်းအင်သုံးကား နဲ့ လျှပ်စစ်စွမ်းအင်သုံးကား တွေကို ထုတ်လုပ် ရောင်းချပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံတွင်းမှာ အဲဒီကားကုမ္ပဏီရဲ့ ရောင်းအားဟာ အဆင့်ခြောက် ဖြစ်တယ်လို့ သိရပါတယ်။

 

ယခုနှစ် နှစ်လယ်ပိုင်းအချိန်ကစပြီး အမေရိကန်အတွက် ရည်ရွယ်ပြီး  ဒီဇိုင်းပိုင်း ဆိုင်ရာ နှင့် ကားကိုယ်ထည်ပိုင်းဆိုင်ရာတွေ ကို အဆင့်မြှင့်တင်သွားဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ကုမ္ပဏီကားတွေကို  ၂၀၁၉ ခုနှစ် နောက်ပိုင်းကာလမှာ အမေရိကန်ကို  ရောင်းချနိုင်ဖို့အတွက် ဖြစ်ပါတယ်။ 

 

အမေရိကန် နိုင်ငံတွင်းက ဈေးကွက်ရဲ့ ထက်ဝက်ကျော်ကို ဂျပန်၊ ဥရောပနဲ့ တောင်ကိုရီးယား နိုင်ငံတွေက  ကားကုမ္ပဏီတွေရဲ့ ကားတွေက နေရာယူထားပါတယ်။ တရုတ် ကားကုမ္ပဏီထုတ်  ဘတ်စ်ကားနဲ့ ကုန်တင်ကားတွေကို အမေရိကန်မှာ အများဆုံး ရောင်းချကြနိုင်ပါသေးတယ်။

 

ကွမ်ကျိုး ကားထုတ်လုပ်ရေး အုပ်စုရဲ့ ဥက္ကဌက “လျှပ်စစ်ကားနယ်ပယ်မှာ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားဟာ  ဦးဆောင်သူတွေထဲမှာ ပါနေတယ်။ ဒါအပြင့် သူတို့ကားကုမ္ပဏီကလည်း ကမ္ဘာ့တန်းဝင်တဲ့ တရုတ်နိုင်ငံလုပ် ကားကုမ္ပဏီဖြစ်လာဖို့ မျှော်လင့်နေပါတယ်လို့” သတင်းဌာနတွေကို ပြောကြားလိုက်ပါတယ်။ 

 

(MDN)
ကိုးကား-အင်န်အိတ်ချ်ကေ