ဝါရှင်တန် ဇန်နဝါရီ ၄

 

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ကြေညာ ခဲ့သည်။

 

ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ လွိုက်အော်စတင်မှာ နေအိမ်တွင် ကိုဗစ် -၁၉ ရောဂါလက္ခဏာများ ပြသပြီးနောက် ဆေးစစ်မှုပြုလုပ်ရန် တောင်းခံခဲ့သည်ဟု သိရသည်။

 

၎င်းခံစားရသည့် ရောဂါလက္ခဏာများမှာ အပျော့စား လက္ခဏာများဖြစ်ပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ လမ်းညွှန်ချက်များအတိုင်း ငါးရက်သီးခြားခွဲ၍ နေထိုင်မည်ဟုလည်း ဖော်ပြခဲ့သည်။ ။

 

အဓိက အစည်းအဝေးများကို အွန်လိုင်းပေါ်မှသာ ပြုလုပ်သွားမည်ဟုလည်း ဖော်ပြထားသည်။ ၎င်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို နောက်ဆုံးတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၌ ရောဂါလက္ခဏာများ မပြမီတစ်ပတ်ကျော်က သမ္မတနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

 

အော်စတင်သည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ကြိမ်စလုံး ထိုးပြီးသားဖြစ်ပြီး အောက်တိုဘာလ အစောပိုင်းတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည်။

 

အင်န်အိတ်ချ်ကေ