၇ အောက်တိုဘာ

 

 

အမေရိကန်နိုင်ငံ Kansas City ဘားတွင် ယမန်နေ့အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လေးဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ပစ်ခတ်သူသည် ထိုဘားဆိုင်ရှိ အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားပြီးနောက် ဘားဆိုင်မှထွက်ခွာကာ သေနတ်တစ်လက် ပြန်လည်ယူဆောင်လာပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

 

ရဲတပ်ဖွဲ့က ၎င်းဘားဆိုင်ရှိ လုံခြုံရေးကင်မရာကို စစ်ဆေးကြည့်ရှုခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးသွားသော သေနတ်သမားကို ရှာဖွေခဲ့ကြသည်။

 

 

၂၀၁၇ ခုနှစ် အောက်တိုဘာလက လပ်ဗီးဂပ်စ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၅၈ ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်သည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။

 

 

အမေရိကန်နိုင်ငံတွင် ထိုအချိန်မှစကာ အလားတူဖြစ်ရပ်များ တသီတတန်း ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို