ဝါရှင်တန် ဇွန် ၁၅

 

အမေရိကန် ကျန်းမာရေးနှင့်လူသားအကျိုးပြုဝန်ဆောင်မှု (အိတ်ခ်ျ အိတ်ချ်အက်စ်) ဝန်ကြီး ဇာဗီရာ ဘီကာရာသည် ဇွန် ၁၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း၊ အဆိုပါ ကူးစက်ခံရမှုသည် တစ်လအတွင်း နှစ်ကြိမ်မြောက် ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ဘီကာရာသည် ကယ်လီဖိုးနီးယားပြည်နယ် ဆာခရမ်မန်တို့၌ အေအာရ်တီနည်းဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိတ်ခ်ျအိတ်ချ်အက်စ်မှ ပြောရေးဆိုခွင့်ရှိသူ ဆာရာ လိုဗန်ဟီးမ်က ပြောသည်။

 

ဘီကာရာသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြည့်အဝထိုးနှံထားကြောင်း၊ ထို့အပြင် အပိုဆောင်းထိုးဆေးလည်း ထိုးနှံထားကြောင်း၊ မပြင်းထန်သော ရောဂါလက္ခဏာတွေ့ရှိရကြောင်း၊ သီးသန့်ခွဲခြား နေထိုင်ကာ ၎င်း၏ လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း လိုဗန်ဟီးမ်က ပြောသည်။ အသက် ၆၄ နှစ် အရွယ်ရှိ ဘီကာရာ၏ ယခင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုသည် မေလအလယ်တွင်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ