အော့တဝါ ဇန်နဝါရီ ၁၇
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်က ၎င်း၏ကတိအတိုင်း ကနေဒါ ကုန်ပစ္စည်းများ အပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းပြုလုပ်ပါက ကနေဒါ နိုင်ငံသည်လည်း လက်တုံ့ပြန် အခွန်စည်းကြပ်မှု ပြုလုပ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ကနေဒါဒေါ်လာ ၁၅၀ဘီလီယံ တန်ကြေးရှိ အမေရိကန် ကုန်ပစ္စည်းအပေါ် အခွန်စည်းကြပ်မှု သက်ရောက်မှုရှိမည်။ အဆိုပါ ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၄ ဘီလီယံရှိပြီး ကနေဒါ၏ အိမ်နီးချင်းနိုင်ငံဆီက တင်သွင်းမှု၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်။
အခွန်စည်းကြပ်မှု ပြုလုပ်နိုင်ခြေရှိသည့် အမေရိကန် ကုန်ပစ္စည်းစာရင်းအကြမ်းကို ကနေဒါက စာရင်းပြုစုထားသည်ဟု မီဒီယာတွင် ဖော်ပြထားသည်။
အမေရိကန်၏ လှုပ်ရှားမှု အပေါ်မူတည်၍ နောက်ထပ် ခြေလှမ်းများကို စဉ်းစားသွား မည်ဟု ကနေဒါအစိုးရက ပြော သည်။
ကနေဒါနိုင်ငံသည် အမေရိကန်ပြည်နယ် ၃၆ ခု၏ အကြီးဆုံး ဖောက်သည်ဖြစ်သည်ဟု ကနေဒါ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး မယ်ရီအင်းက အမေရိကန် စီးပွားရေးရုပ်သံလိုင်း စီအင်န်ဘီစီသို့ ပြောကြားခဲ့သည်။
ကနေဒါအပေါ် အခွန်စည်းကြပ်ခြင်းသည် အမေရိကန် မိသားစုများ၊ လယ်သမားများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ် ပိုမိုများပြားမည်ဟု ၎င်းကဆက်ပြောသည်။
အင်န်အိတ်ချ်ကေ