၁၃ နိုဝင်ဘာ

 

 

အမေရိကန် လေကြောင်းလိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့်  ခရီးသွားလာမှု နည်းလာတဲ့အတွက် လုပ်သားဦးရေ လျှော့ချလာရာ နှစ်ကုန်ပိုင်းတွ လျှော့ချ လုပ်သားဦးရေဟာ ၉၀,၀၀၀ လောက်အထိ ဖြစ်သွားနိုင်ကြောင်း သိရပါတယ်။ 

 

 

လေကြောင်းလိုင်းဟာ ၁၉၈၇ ခုနှစ်ကစပြီး နှစ်ပေါင်း ၃၃ အတွင်း လုပ်သားဦးရေ အနည်းဆုံးသာ အလုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်။

 

 

စတုတ္ထ သုံးလပတ်မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်တဲ့ လုပ်သားဦးရေ ၃၇၀,၀၀၀ အထိ လျှော့ချသွားမှာ ဖြစ်ပါတယ်။ မတ်လတွင် လုပ်သားဦးရေ ၄၆၀,၀၀၀ ရှိနေရာကနေ လျှော့ချသွားမှာလို့ သိရပါတယ်။

 

 

အမေရိကန် နိုင်ငံအတွင်း လေကြောင်း ခရီးသွားလာမှုဟာ ပြီးခဲ့တဲ့ ဧပြီလကစပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း  ခရီးသွားမှု အနည်းဆုံး ဖြစ်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာလ ကစပြီး ခရီးစဉ်တွေကို လေ့လာရာ ခရီးသွားလာသူ ၃၄ သန်းသာရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက် သွားလာသူ ၆၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

လေကြောင်းလိုင်းက လုပ်သားလျော့ချရာတွင် အလုပ်မှ စောစောပင်စင်ယူရေး နည်းလမ်းနဲ့ အလုပ်မှ ယာယီနုတ်ထွက်ရေးကို ဆန္ဒအလျောက် လုပ်ဆောင်ရန် နည်းလမ်းတွေကို အသုံးချပြီး အစောပိုင်းမှာ လုပ်သား လျော့ချခဲ့ပါတယ်။

 

 

MDN

ကိုးကား- AFP

a2