လူဝီစီယားနား နိုဝင်ဘာ ၈
အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ် နယူးအော်လင်းစ်ဒေသတွင် မီးခိုးမြူများနှင့် နှင်းများ ထူထပ်စွာကျဆင်းခဲ့သောကြောင့် ဆင့်ကဲယာဉ်တိုက်မှုများဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။
ပြည်နယ်ချင်းဆက်လမ်း အိုင်-၁၀ ၌ ဖြစ်ပွားခဲ့သော အဆိုပါ ဆင့်ကဲယာဉ်တိုက်မှုတွင် ၁၈ ဘီး တွဲကား တစ်စီးနှင့်အတူ ယာဉ် ၁၁ စီး ပါဝင်ခဲ့သည်။
နယူးအော်လင်းစ်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရာသီဥတု အခြေအနေကောင်းမွန်နေရာမှ ရုတ်တရက် မီးခိုးမြူများနှင့် နှင်းများ ထူထပ်စွာကျဆင်းခဲ့သောကြောင့် ပတ်ဝန်းကျင်အခြေအနေကို လုံးဝမတွေ့မြင်ရတော့သည့်အတွက် ယခုလို ယာဉ်များ ဆင့်ကဲတိုက်မိ ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သောလက ဖြစ်ပွားခဲ့သော ယာဉ်ဆင့်ကဲတိုက်မှုတွင်လည်း ယာဉ်ပေါင်း ၁၆၈ စင်းပါဝင်ခဲ့ကာ သေဆုံးသူ ရှစ်ဦးရှိခဲ့ပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ဆင်ဟွာ