၂၈ ဖေဖော်ဝါရီ

 


အမေရိကန်နှင့်မြောက်ကိုရီးယားတို့၏ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲမှ နျူကလီးယားကင်းစင်သော ကမ္ဘာဖြစ်ပေါ်လာရေးအတွက် အပြုသဘောဆောင်သည့် ရလဒ်များထွက်လာမည်ဟု မျှော်လင့်မိပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။  

 


မြောက်ကိုရီးယားနိုင်ငံ၏ ကြီးမားသော နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများက ဂျပန်နိုင်ငံအတွက် ကြီးမားသော ခြိမ်းခြောက်မှုများဖြစ်ပြီး အစိုးရက ယင်း၏ရပ်တည်ချက်ကို အမေရိကန်ပြည်ထောင်စုသို့ ရှင်းရှင်းလင်း လင်း ပြောကြားခဲ့ကြောင်း အာဘေးက ကြာသပတေးနေ့တွင် ဂျပန်လွှတ်တော်ကော်မတီတစ်ခုသို့ ပြောကြားခဲ့ သည်။  

 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်စက်ရုံများကို ပြည့်စုံသော သက်သေများနှင့် နောက်ကြောင်း ပြန်မလှည့်နိုင်အောင် ဖျက်သိမ်းသင့်ကြောင်း  အာဘေးက ပြောကြားခဲ့သည်။

 

ိ

 

ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲခံရသည့်ကိစ္စမှာ  ဂျပန်နိုင်ငံအတွက် အဓိကပြဿနာ ဖြစ်ကြောင်း အာဘေးက ဆက်လက်ပြောကြားသည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အဆိုပါပြဿနာများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံ ပြောကြားပေးမည်ဟုယုံကြည်သည်ဟု ထရန့်ထံ ဖုန်းဖြင့်ပြောဆိုခဲ့ကြောင်း အာဘေးကဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်