၁၉ နိုဝင်ဘာ

 

 

အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ နှစ်သိန်းခွဲ ရှိလာကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

 

ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူဟာ ၂၅၀,၀၂၉ ဦး ရှိကြောင်း သိရပါတယ်။ နိုင်ငံမှာ နေ့စဉ် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်နဲ့ ပိုးတွေ့ရှိသူ ၁၅၀,၀၀၀ နီးပါး ရှိနေတာကို တွေ့ရပါတယ်။

 

 

ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၁,၃၄၂,၀၀၀ ရှိလာရာ ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံး ပထမ လေးနိုင်ငံကတော့  အမေရိကန် နိုင်ငံမှာ သေဆုံးသူ ၂၅၀,၀၂၆ ဦး၊ ဘရာဇီး နိုင်ငံမှာ သေဆုံး ၁၆၆,၆၉၉ ဦး၊ အိန္ဒိယ နိုင်ငံမှာ ၁၃၀,၉၉၃ ဦးနဲ့ မက္ကဆီကို နိုင်ငံမှာ ၉၉,၀၂၆ ဦးတို့ ဖြစ်ပါတယ်။

 

 

သမ္မတ ဒေါ်နယ်ထရမ့်က ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လက်တွေ့ အခြေအနေထက် လျော့တွက်ထားသလို နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲ တွေမှာ လူစုလူဝေးတွေမှာ မျက်နှာဖုံး ဝတ်ဆင်ခြင်း မရှိတာတွေ ဆက်တိုက် လုပ်ဆောင် ခဲ့ပါတယ်။

 

 

အမေရိကန် နိုင်ငံမှာ အခု သီတင်းပတ်တွေ အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေသလို သေဆုံးမှုကလည်း များလာတဲ့အတွက် နိုင်ငံရဲ့ တချို့ဒေသတွေမှာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေရန်၊ မျက်နှာဖုံး ဝတ်ဆင်ရန်နဲ့ တခြား စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လာတာကိုလည်း တွေ့ရပါတယ်။

 

 

ရွေးကောက်ခံ သမ္မတ ဘိုင်ဒန်က အမေရိကန် နိုင်ငံသားတွေဟာ ကာကွယ်ဆေး အလုံအလောက် မရသေးခင် အချိန်အထိ မျက်နှာဖုံး ဝတ်ဆင်ရန်နဲ့ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေရန် တိုက်တွန်းနေပါတယ်။

 

 

MDN

ကိုးကား - AFP

2