၁၁ နိုဝင်ဘာ
အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ တစ်နေ့တည်းနဲ့ နှစ်သိန်းကျော် ရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး သတင်းကြောင့် တချို့နေရာ ဒေသတွေအတွက် စိတ်သက်သာစရာ ရှိလာပေမယ့် ဉရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး ပိုးကူးစက်မှု မရှိအောင် လုပ်ဆောင်နေရပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၂၀၁,၉၆၁ ဦးနဲ့ သေဆုံးသူ ၁,၅၃၅ ဦး ရှိကြောင်း ထုတ်ပြန်ကြောညာပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၀,၂၃၈,၂၄၃ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၂၃၉,၅၈၈ ဦးရှိကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၁ သန်းနဲ့ သေဆုံးသူ ၁.၂ သန်း ရှိပါတယ်။
အင်္ဂါနေ့မှာ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၆,၈၆၇ ဦးရှိရာ အများစုမှာ ပြင်သစ်၊ စပိန်နဲ့ အမေရိကန် နိုင်ငံတွေက ဖြစ်ပါတယ်။
MDN
ကိုးကား - AFP