၂၂ နိုဝင်ဘာ
အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၂ သန်းကျော်သွားကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က စနေနေ့က ထုတ်ပြန်ကြေညာပါတယ်။
ကမ္ဘာ့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံးနဲ့ သေဆုံးသူ အများဆုံးဟာ အမေရိကန်နိုင်ငံမှာ ဖြစ်နေကြောင်း၊ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁၂,၀၁၉,၉၆၀ နဲ့ သေဆုံးသူ ၂၅၅,၄၁၄ ဦးရှိကြောင်း သိရ ပါတယ်။
ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေက လာမယ့် သီတင်းပတ်မှာ ကျရောက်မယ့် ကျေးဇူးတော်နေ့မှာ ခရီးမသွားဘဲ အိမ်မှာနေရန် တိုက်တွန်းပါတယ်။
နယူယောက်စီးတီးရှိ ကျောင်းသူ ကျောင်းသား ၁.၁ သန်း ပညာသင်ကြားနေတဲ့ အစိုးရကျောင်းတွေ ပိတ်ထားသလို မနေ့ကစပြီး ကယ်လီဖိုးနီးယားမှာ ညမထွက်ရ အမိန့် (ည ၁၀ နာရီ - နံနက် ၅ နာရီ) ထုတ်ပြန်ထားပါတယ်။ ချီကာဂိုမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး မြို့ခံတွေအား အိမ်မှာနေရန် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ သားကြီး ဂျူနီယာ ဒေါ်နယ်ထရမ့်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သောကြာနေ့မှာ ကြေညာပြီး သီးသန့်ခွဲခြား နေထိုင်နေတယ်လို့ သိရပါတယ်။
MDN
ကိုးကား - AFP
