၅ ဇွန်

 

အမေရိကန်ပြည်ထောင်စု ပို့ကုန်၊ သွင်းကုန်များ လအလိုက် ကျဆင်းလာပြီး ဧပြီလတွင် သိသိသာသာ ကျဆင်းလာသည်။

 

အမေရိကန် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ တင်ပို့မှုသည် ဧပြီလတွင် ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ ဒေါ်လာ ၁၅၁ ဒသမ ၃ ဘီလီယံ ကျဆင်းကြောင်းနှင့် တင်သွင်းမှုမှာ ဒေါ်လာ ၂၀ဝ ဒသမ ၇ ဘီလီယံ၊ ၁၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကြောင်း  အမေရိကန် ကုန်သွယ်ရေးဌာနက ယမန်နေ့က ပြောကြားသည်။

 

ဝန်ဆောင်မှုများ မပါဝင်သော ဉရောပသမဂ္ဂသို့ တင်ပို့မှုသည် မတ်လမှစတင်ကာ ၃၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသည်။

 

ကနေဒါ၊ မက္ကဆီကို နိုင်ငံတို့နှင့် ကုန်သွယ်မှုသည် စုစုပေါင်း ၃၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာ့စီးပွားရေး သက်ဝင် လှုပ်ရှားမှုသည် ဧပြီလတွင် သိသိသာသာ နှေးကွေးသွားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို