၁၇ ဩဂုတ်

 

 

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇၀ဝ၀ဝ ကျော် အထိ မြင့်တက်လာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရှိ သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE) ၏ ပြောကြားချက်အရ သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ယမန်နေ့ကအထိ သေဆုံးသူ ၁၇၀ဝ၁၉ ဦး အထိရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၅ ဒသမ ၄ သန်းကျော် ရှိလာသည်ဟု CSSE က ပြောကြားခဲ့သည်။

 

 

နယူးယောက်ပြည်နယ်သည် တစ်နိုင်ငံလုံးတွင် သေဆုံးမှု အများဆုံး ပြည်နယ် ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၃၂၈၄၀ ဦး ရှိသည်။

 

 

ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးမှု အများဆုံး ဖြစ်သည့် ထိုပြည်နယ်ပြီးလျှင် နယူးဂျာစီပြည်နယ် ဖြစ်ပြီး ၎င်းပြည်နယ်တွင် သေဆုံးသူ ၁၅၉၁၂ ဦး ရှိသည်။

 

 

ကယ်လီဖိုးနီးယားနှင့် တက္ကဆက်ပြည်နယ် နှစ်ခုတွင် သေဆုံးသူ ၁၀ဝ၀ဝ ကျော်ရှိကြောင်း ဖော်ပြထားသည်။

 

 

အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာ သေဆုံးမှုနှုန်း ၂၀ ရာခိုင်နှုန်းအထက် ရှိပြီး ကူးစက်မှုနှင့် သေဆုံးမှု အများဆုံး ဖြစ်ပွားသည့် နိုင်ငံအဖြစ် မှတ်တမ်းတင်ခံရသည်။

 

 

အမေရိကန် ဘိုးဘွားရိပ်သာများတွင် လူအုပ်စုလိုက် ကူးစက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ ထပ်မံ ကူးစက်မှုများ ဖြစ်ပွားခဲ့သည်ဟု အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု အသင်းအဖွဲ့က မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကလေးများတွင် ကူးစက်မှု ဖြစ်ပွားနှုန်းမှာ မတ်လမှ ဇူလိုင်လအထိ တဖြည်းဖြည်း ပို၍များပြားလာကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာနမှ အကြံပေးချက် အသစ်တွင် ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို