၁၃ နိုဝင်ဘာ
အမေရိကန်ပြည်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်အသစ် ၁၄၀၀၀၀ ကျော်အထိ ရောက်ရှိသွားပြီဖြစ်ပြီး နေ့စဉ် ကူးစက်မှုနှုန်းမှာ မြှင့်တက်လျက်ရှိသည်။
ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ကောက်ယူရရှိသည့် အချက်အလက်များအရ ဗုဒ္ဓဟူးနေ့ အတွင်းက ရောဂါကူးစက်မှုအသစ် ၁၄၄၁၃၃ ဉီးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်က ဖော်ပြထားသည်။
မကြာသေးမီက နေ့များအတွင်းကလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဉီးရေမှာ နေ့စဉ် ၁၀၀၀ ကျော်ရှိကြောင်း အတည်ပြုခဲ့သည်။
အမေရိကန်ပြည်ထောင်စု တစ်ဝှမ်းတွင် နေ့စဉ်ကူးစက်မှုနှုန်းများမှာ မြှင့်တက်လျက်ရှိသည်။
တက္ကဆက်ပြည်နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူပေါင်း တစ်သန်းကျော်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ဆရာဝန်များနှင့် သူနာပြုများ မလုံလောက်မှုကို ဖြေရှင်းရန်အတွက် စစ်ဘက်ဆိုင်ရာ ဆေးပညာရှင်များအဖွဲ့ကို စေလွှတ်ခဲ့ရသည်။
ဆေးရုံများတွင် လူနာများ များပြားလာပြီး ဆေးရုံများတွင် မနိုင်တော့လျှင် ရွက်ဖျင်တဲများတွင် လူနာများကို ထားရှိရမည်ဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ကန့်သတ်ချက်များကို ပြန်လည် ချမှတ်ရန် အာဏာပိုင်များက ပြင်ဆင်လျက်ရှိသည်။
ယနေ့(သောကြာနေ့)မှစပြီး ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များအားလုံး၊ ဘားဆိုင်များနှင့် အားကစားခန်းမများကို ည ၁၀ နာရီမှ စတင်ပြီး ပိတ်ထားရမည်ဖြစ်သည်။
ဘုရားသခင် ကျေးဇူးတော် ချီးကျူးသည့်နေ့နှင့် ခရစ္စမတ် အားလပ်ရက်များကြောင့် အမေရိကန်ပြည်ထောင်စု နယ်နမိတ်ကို ဖြတ်ကျော်ပြီး ယခုလနှောင်းပိုင်းနှင့် ဒီဇင်ဘာလအတွင်းတို့တွင် ခရီးများ သွားလာလိမ့်မည်ဟု မျှော်လင့်ရပြီး ရောဂါဖြစ်ပွားမှု အရေအတွက်မှာလည်း တိုးလာနိုင်ပြီး ရောဂါကူးစက်မှုနှင့် ပတ်သက်ပြီးလည်း စိုးရိမ်ပူပန်မှုများမှာ မြှင့်တက်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်