စတော့ဟုမ်း၊ အောက်တိုဘာ ၉

 

ယခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို အမေရိကန်ပရန်စတန်တက္ကသိုလ်မှ ဂျွန်ဟော့ဖီးနှင့် ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ ဂျီရိုဖရီဟင်တန်တို့အား ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ဉာဏ်ရည်တုနယ်ပယ်တွင် ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုနှင့် တီထွင်ဖန်တီးမှုများကို  ယခုနှစ်အတွက်  ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပရန်စတန်တက္ကသိုလ်မှ ဂျွန်ဟော့ဖီးသည် ဒီဇိုင်းပုံစံများကို သိမ်းဆည်းခြင်းနှင့် ပြန်လည်ဖန်တီးခြင်းအတွက် ကွန်ရက်တစ်ခုကို တီထွင်ခဲ့ကြောင်း တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက ပြောသည်။

ကနေဒါနိုင်ငံ တိုရန်တိုတက္ကသိုလ်မှ ဂျီရိုဖရီဟင်တန်သည် ဆုံးဖြတ်ချက်များချနိုင်သည့် နျူရွန်များ (အာရုံကြောစနစ်များ) ဖြင့် အပြန်အလှန် ချိတ်ဆက်ထားသော ကွန်ရက်အမျိုးအစားတစ်ခုကို တီထွင်ခဲ့သည်။

၎င်းတို့၏  ရှာဖွေတွေ့ရှိချက်များသည် ဘာသာပြန်ခြင်းနှင့် မျက်နှာပုံဖတ်ခြင်းအပါအဝင် ယနေ့အသုံးပြုသည့် နည်းပညာသုံးသင်ယူမှု အမျိုးအစားများအတွက် အထောက်အကူဖြစ်စေကြောင်း သိရသည်။

ရူပဗေဒ နိုဘယ်ဆုရှင်များကို ၎င်းတို့၏လုပ်ငန်း များ ဆက်လက်ဆောင်ရွက်ရန်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းခန့် ချီးမြှင့်မည်ဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်