၁၉ ဧပြီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်  နိုင်ငံဧည့်သည်တော်အဖြစ် ဂျပန်နိုင်ငံသို့မေလနှောင်းပိုင်းတွင် သွားရောက်လည်ပတ်မည်ဖြစ်ကြောင်းနှင့် ဂျပန်ဧကရာဇ်အသစ်ကို တွေ့ဆုံမည့် ပထမဆုံးသော ပြည်ပနိုင်ငံခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

 

အိမ်ရှေ့မင်းသား နာယူဟီတိုသည် မေလတစ်ရက်နေ့တွင် ထိီးနန်းတက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဂျပန်နိုင်ငံအစိုးရအဖွဲ့က  သမ္မတ ဒေါ်နယ်ထရန့်ကို  မေလ  ၂၅ ရက်မှ ၂၈ ရက်နေ့ထိ ဖိတ်ခေါ်ရန် ယနေ့ ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
ဂျပန် နှင့် အမေရိကန် တာဝန်ရှိသူများက ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့်အတူ ဂေါက်သီးရိုက်ရန် နှင့် ခမ်းနားကြီးကျယ်သော ဆူမိုနပန်းပြိုင်ပွဲကို တက်ရောက်ရန်   သမ္မတ ဒေါ်နယ်ထရန့် အတွက် စီစဉ်ထားကြောင်း ဖော်ပြထားသည်။   

 

ဒေါ်နယ်ထရန့်သည် ခရီးစဉ်မတိုင်မီ ဧပြီ ၂၇ ရက်နေ့ ဝါရှင်တန်တွင်  အာဘေး နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းနှင့် အိုဆာကာ တွင် ကျင်းပမည့် ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲအတွက် ဇွန်လတွင် ဂျပန်နိုင်ငံသို့နောက်ထပ်တစ်ကြိမ်သွားရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။ 

 

ဘာသာပြန်- မြင့်မြင့်ချို
ကိုးကား- အန်အိတ်ချ်ကေ