အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးမှု ပြန်လည်စတင်

၄ ဧပြီ

အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ထိပ်တန်းကုန်သွယ်ရေးကိုယ်စားလှယ်များသည် ဝါရှင်တန်တွင် မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့သည်။ ကမ္ဘာ့ပေါ်တွင် အကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုဖြစ်သည့် ၄င်းတို့မှာ ကုန်သွယ်ရေးအငြင်းပွားမှုထဲကနေ ရုန်းထွက်နိုင်ရန်အတွက် အဖြေရှာရန် ရည်ရွယ်ခြင်းဖြစ်သည်။

 

1

 

အမေရိကန်နိုင်ငံ၏ စည်းကြပ်အခွန်ကောက်ခံမှုမှာ ညှိနှိုင်းမှုများအတွင်း အဓိက အတားအဆီးဖြစ်နေဆဲဖြစ်သည်။ သဘောတူညီချက်ရရခြင်း အမေရိကန်နိုင်ငံ၏ စည်းကြပ်အခွန်ကောက်ခံမှုကို တရုတ်နိုင်ငံက ဖျက်သိမ်းလိုသော်လည်း တရုတ်သဘောတူညီချက်ကို လိုက်နာသည့်အချိန်ထိ စည်းကြပ်ခွန်ကောက်ခံမှုကို အမေရိကန်က ဆက်လက်ထားရှိမည်ဖြစ်သည်။

 

2

 

လက်ရှိဆွေးနွေးမှုမှာ အမေရိကန်နိုင်ငံ၏ ကြီးမားသည့် လိုငွေပြမှုကို ဖြေလျော့ရန်အတွက် ဘေဂျင်းတွင် ပြီးခဲ့သည့်အပတ်က ပြုလုပ်သည့် ဆွေးနွေးပွဲအပြီးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံထံမှ လယ်ယာထွက်ကုန်များနှင့် အခြားပစ္စည်းများကို ဝယ်ယူမည်ဟု အဆိုပြုထားကြောင်း သိရသည်။  

အိမ်ဖြူတော် စီးပွားရေးအကြံပေးဖြစ်သူ လယ်ရီကယ်လိုစ့်မှ  ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာပြုလုပ်သည့် ဆွေးနွေးပွဲကို စေ့စပ်ညှိနှိုင်းမှုများ ရှေ့ဆက်လုပ်ဆောင်ရန် စိတ်အားထက်သန်မှုကို ပြသခဲ့သည်။

ကောင်းမွန်သော သဘောတူညီမှု လိုအပ်နေကြောင်း ကားလို့စ်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတမှလည်း ကောင်းမွန်သော သဘောတူညီမှုကို လိုချင်နေသည်ဟု ဆိုသည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်