၃၀ ဇူလိုင်
နှစ်လကျော်အတွင်း ပထမ ဦးဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးဆွေးနွေးပွဲ ယနေ့ကျင်းပမည် ဖြစ်သည်။
ဝန်ကြီးအဆင့်ဆွေးနွေးပွဲများကို ယနေ့စတင်မည် ဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့နှစ်ဦး ပြီးခဲ့သည့် ဇွန်လက ဆွေးနွေးခဲ့သည့် သဘောတူညီမှုကို ပြန်လည် အသက်ဝင်လာစေရန် ထိုဆွေးနွေးပွဲကို စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရှန်ဟိုင်းတွင် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်တီဇာ နှင့် ဘဏ္ဍာရေး အတွင်းရေးမှူး စတီဗင် မူရှင်း တို့က အမေရိကန်နိုင်ငံ ကိုယ်စားပြု တက်ရောက်ကြမည်ဖြစ်သည်။
ဒုတိယ ဝန်ကြီးချုပ် လီယူဟီ က တရုတ်နိုင်ငံ ကိုယ်စားပြု တက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ မီးမောင်းထိုးပြနိုင်ရန် တရုတ်တို့က မျှော်လင့်ထားခဲ့သည်။ တရုတ်နိုင်ငံပိုင် မီဒီယာက အမေရိကန်နိုင်ငံမှ ပဲပိစပ် တန်ချိန်သန်းပေါင်းများစွာကို တရုတ်ကုမ္ပဏီများက ဝယ်ယူခဲ့ကြကြောင်း ယမန်နေ့က သတင်းဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံမှ ဂျုံ နှင့် ဝက်သားများကို ပိုမို တင်သွင်းရန်လည်း လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံ သတင်းဖော်ပြချက်အရ သိရသည်။
တရုတ်နိုင်ငံ၏ ဟာဝေးနည်းပညာများနှင့်ပတ်သက်ပြီး ကန့်သတ်ချက်များ လျှော့ချရန် တရုတ်တို့က လိုလားသော်လည်း အမေရိကန်က ထိုတရုတ်နည်းပညာ ကုမ္ပဏီကြီးကို သတိထားနေသည်ဟု ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို