မန္တလေး ၂၅ ဇွန်


အမေရိကန်အစားအသောက် ချက်ပြုတ်ခြင်းဆိုင်ရာ နည်းပညာ အတွေ့အကြုံများ ဟောပြောပွဲနှင့် ပြပွဲ (The "American Food Experience" in Mandalay)ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ Hilton Holtel အမရပူရခန်းမတွင် ကျင်းပသည်။
    

ရှေးဦးစွာ ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံး ပြည်သူ့ရေးရာအရာရှိ Mr. John R Groch က နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ Ms. Sabrina Yin (Asean Director U.S Meat Export Federation Singapore Rep Office) က အမေရိကန်နိုင်ငံထုတ် အသားများအား ကမ္ဘာနှင့် မိတ်ဆက်ပေးခြင်း အစီစဉ်တွင် နွားမွေးမြူခြင်း မြက်စားနွားနှင့် ကောက်နှံစားနွားတို့၏ ခြားနားချက် လတ်ဆက်သောအသား ရရှိစေရန် အဆင့်မြင့်မြင့်ထုတ်ပိုးမှု အစီစဉ်များကို စီစဉ်တင်ဆက်သည်။ ဆက်လက်၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များ နေပြည်တော် - မန္တလေးရှိ ချက်ပြုတ်ခြင်းဆိုင်ရာ အတတ်ပညာရှင် (၂၀)ဦးအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
    

ဆက်လက်၍ Ms. Hnin Thet Yee က အမေရိကန်နိုင်ငံထုတ် လတ်ဆက်သော ဟင်းချက်အာလူးများ အေးခဲအာလူးများ ရေဓာတ်ထုတ်ထားသော အာလူးများ၊ အာလူးချောင်းကြော်၊ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ကမ္ဘာကို ဖြန့်ဖြူးသည့် စနစ်ကို တင်ပြပြီး အာလူး၏ အာနိသင်ကို ရှင်းလင်းပြောကြားသည်။
    

ဆက်လက်၍ Ms. Theeravee U (Representative of Real California Milk and Wshington Apple Commission) က အမေရိကန်နိုင်ငံတွင် ထုတ်လုပ်သည့် စိုက်ပျိုးသည့် Wshington ပန်းသီးများအကြောင်း၊ ပန်းသီးမျိုးစုံအကြောင်း ရှင်းလင်း၍ နွားမွေးမြူရေး၊ နွားနို့ထုတ်လုပ်ရေး၊ ဒိန်ခဲထုတ်လုပ်ရေး စသည့် နွားနို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။
    

ဆက်လက်၍ Ms. Chayada Ungkuworakul က ဒိန်ခဲများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် Mr. Ladoi Saga (Senior Sommelier Japan Sommelier Association) က အမေရိကန်နိုင်ငံထုတ် ဝိုင်များအကြောင်း ဝိုင်များဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြောင်းသိရှိရသည်။
    

ဆက်လက်၍ တက်ရောက်လာသူများအား "Certificate of Attendance" ဂုဏ်ပြုကတ်ပြားကို ပေးအပ်သည်။


ခင်ခင်ဝင်း(ပညာရေး)