၁ မတ်

 

အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့သား ဟမ်ဇာဘင်လာဒင် ဟာ ဂျီဟတ်အဖွဲ့ရဲ့ ကြိုးကိုင်သူအဖြစ် ပေါ်ထွက်လာတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဟမ်ဇာဘင်လာဒင်ရဲ့ သတင်းပေးနိုင်သူကို ဒေါ်လာ ၁ သန်းပေးမယ်လို့ ဆုကြေးငွေ မနေ့က ထုတ်လိုက်ပါတယ်။ 

 

ဟမ်ဇာဘင်လာဒင်ဟာ ပါကစ္စတန်၊ အာဂန်နစ္စတန် သို့မဟုတ် ဆီးရီးယားနဲ့  အီရန် စတဲ့တစ်နေရာရာမှာ အကျယ်ချုပ်ထားခံနေရတယ်လို့ လွန်ခဲ့တဲ့ နှစ်တွေက ခန့်မှန်းချက်တွေ ထုတ်ထားဖူးပါတယ်။ 

 

IS အဖွဲ့ နောက်ဆုံး ပျောက်ဆုံးတဲ့နေရာဟာ ဆီးရီးယားနိုင်ငံမှာ ဖြစ်တဲ့အတွက် ဟမ်ဇာဘင်လာဒင်ဟာ အိုစမာဘင်လာဒင်ရဲ့ အရိုက်အရာကို ဆက်ခံသူအဖြစ် အမေရိကန် ထောက်လှမ်းရေး အဖွဲ့က မြင်နေပါတယ်။

 

၂၀၁၅ ခုနစ်က ဟမ်ဇာဘင်လာဒင်က ဆီးရီးယားနိုင်ငံမှာ ဂျီဟတ်အဖွဲ့တွေ စုစည်းကြဖို့ အသံဖိုင်ထုတ်ခဲ့ဖူးပါတယ်။ 

 

အိုစမာဘင်လာဒင်မှာ အသက်ရှင်ကျန်ရစ်တဲ့ ဇနီး ၃ ယောက်နဲ့ ကလေးတွေ ကျန်ခဲ့ပါတယ်။ အိုစမာဘင်လာဒင် အသတ်ခံရပြီးနောက် သူတို့အားလုံးကို ဆော်ဒီနိုင်ငံကို ပြန်ခွင့်ပြုခဲ့ပါတယ်။ 

 

၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန် ဝေါထရိတ်စင်တာကို ဝင်တိုက်ခဲ့တဲ့ လေယာဉ် ပြန်ပေးဆွဲသူတွေရဲ့ ခေါင်းဆောင် မိုဟာမက် အက်တာ ရဲ့ သမီးကို ဟမ်ဇာဘင်လာဒင်ဟာ လက်ထပ်ခဲ့ပါတယ်။ ဝေါထရိတ်စင်တာကို ဝင်တိုက်ခဲ့တဲ့အတွက် လူပေါင်း ၃၀ဝ၀ လောက်သေဆုံးခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီးမှာ အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်ကို ဝင်ရောက်တိုက်ခဲ့ပါတယ်။

 

MDN
ကိုးကား - AFP