၉ ဇွန်
စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်များကို အဆင့်လိုက် လျော့ချပေးမည်ဟု အမေရိကန်ကာကွယ်ရေးဌာနက ကြေညာခဲ့သည်။
ဂျပန်နိုင်ငံ၊ ဂျာမနီ၊ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၃၈ နှင့် ဝါရှင်တန်ဒီစီတို့ အပါအဝင် နိုင်ငံငါးနိုင်ငံအတွက် ကန့်သတ်ချက်များ ဖယ်ရှားမည်ဟု ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစ်ခုက ဖော်ပြသည်။
ကိုဗစ်-၁၉ ရောဂါအသစ် ကူးစက်မှု အတည်ပြုလူနာများ ကျဆင်းလာပြီးနောက် ရောဂါ ကူးစက်မှုများနှင့် ပတ်သက်ပြီး တရားဝင် အမိန့်များကို ဖယ်ရှားပြီးနောက် လိုအပ်သည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောပေါ်ရှိ ဝန်ထမ်းများ အပါအဝင် အမေရိကန်တပ်ဖွဲ့ဝင် ၇၂၀ဝ ကျော် ကိုဗစ်-၁၉ ကူးစက်ခြင်းခံနေရသည်။
ယခုအခါတွင် ရောဂါအသစ်ကူးစက်မှုနှုန်းမှာ ကျဆင်းလျက်ရှိသည်။
ခရီးသွားလာရေး ကန့်သတ်ချက်များ ချမှတ်ထားသည့် မတ်လကတည်းကပြီး စစ်ရေးလေ့ကျင့်မှုနှင့် လေ့ကျင့်မှုများကို ဖျက်သိမ်းခြင်း သို့မဟုတ် လျှော့ချမှုများ ပြုလုပ်ခဲ့သည်။
အဆင့်ဆင့် ရုပ်သိမ်းခြင်းသည် အမေရိကန်တပ်ဖွဲ့၏ စစ်ဆင်ရေးများ ဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်မှု လျော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်