ဘန်ဂျူး အောက်တိုဘာ ၁၃
အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုမှတင်သွင်းသည့် သောက်ဆေးရည်ပုလင်းများအား သောက်သုံးခဲ့မှုကြောင့် ဂမ်ဘီယာနိုင်ငံ၌ ကလေးငယ် ၆၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဂမ်ဘီယာရဲအရာရှိများက ပြောကြားသည်။
အဆိုပါ ဆေးဝါးကုမ္ပဏီမှ ဂမ်ဘီယာနိုင်ငံသို့ သောက်ဆေးရည် ပုလင်းပေါင်း ၅၀၀၀၀ ခန့်ကို တင်ပို့ခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကဆိုသည်။ အမေရိကန်အခြေစိုက် Atlantic Pharmaceuticals ကုမ္ပဏီသည် ဂမ်ဘီယာ နိုင်ငံသို့ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များကို တင်ပို့ခွင့်လက်မှတ် ရရှိထားကြောင်း ဂမ်ဘီယာရဲတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ပဏာမစုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ပြောကြားခဲ့သည်။
အဆိုပါ သန့်ရှင်းလတ်ဆတ်မှုမရှိသည့် ကလေးသောက်ဆေးရည်ပုလင်း ၅၀၀၀၀ အနက် ဆေးဝါးထိန်းချုပ်ရေး အေဂျင်စီမှ ပုလင်းပေါင်း ၄၁၄၆၂ ပုလင်းကို ပြန်လည် သိမ်းဆည်းရမိထားကြောင်းနှင့် ၈၅၃၈ ပုလင်းကို လိုက်လံစုံစမ်းဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အဆိုပါဆေးဝါးများ သောက်သုံးမှုကြောင့် ကလေးငယ်များ သေဆုံးခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ရဲအရာရှိများက အဆိုပါ ဆေးဝါးများအား နိုင်ငံအတွင်းသုံးစွဲခွင့်ပြုမှုအပေါ် နိုင်ငံ၏ ဆေးဝါးထိန်းချုပ်ရေးအေဂျင်စီမှ သက်ဆိုင်ရာအာဏာပိုင်များကို မေးမြန်းခဲ့ကြောင်း ဂမ်ဘီယာသမ္မတရုံးက ကြေညာခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်
အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုမှ တင်သွင်းသည့် သောက်ဆေးရည် ပုလင်းများ သောက်သုံးမှုကြောင့် ဂမ်ဘီယာနိုင်ငံ၌ ကလေးငယ် ၆၉ ဦးသေဆုံး