အမေရိကန်က အီရန်အပေါ် ဖိအားပေးမှုများဖြင့် ခြိမ်းခြောက်

၈ ဇူလိုင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အီရန်နိုင်ငံသည် ယူရေနီယံသန့်စင်သည့် သတ်မှတ်ချက်ကို ဖောက်ဖျက်လျှင် ထပ်မံပိတ်ဆို့မှုများ အပါအဝင် ဖိအားပေးမှုတိုးမြှင့်ခြင်းနှင့် ရင်ဆိုင်ရမည်ဟု သတိပေးလိုက်သည်။

၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်ပါ သတ်မှတ်ချက်ထက် ကျော်လွန်ပီး ယူရေနီယံ သန့်စင်မှုကို တိုးမြှင့်မည်ဟု အီရန်နိုင်ငံက ကြေညာပြီးနောက် မိုက်ပွန်ပီအိုသည် တွစ်တာပေါ်တွင်  ယမန်နေ့က ထိုသို့ရေးသားခဲ့ခြင်းဖြစ်သည်။

အီရန်အစိုးရသည် နျူကလီးယားလက်နက်များဖြင့် ကမ္ဘာကို ပိုပြီးအန္တရာယ် ရှိစေလိမ့်မည်ဟု မိုက်ပွန်ပီအိုက ရေးသားခဲ့သည်။အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ် နှင့်ပတ်သက်ပြီး နောက်ထပ်အထီးကျန်မှုနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ကို ဦးတည်စေလိမ့်မည်ဟု ၎င်းကထပ်လောင်း ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အီရန်နိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ထိုဆုံးဖြတ်ချက် မကောင်းကြောင်းနှင့် အီရန်နိုင်ငံကို ပိုပြီးသတိထားသင့်ကြောင်း  သတင်းထောက်များကို ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်သည် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ထောက်ခံမှုကိုရရှိရန် ထရန့်အစိုးရ က မျှော်လင့်ထားသည်ဟု လေ့လာစောင့်ကြည်သူများက ဆိုသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို