ရာမာလာ ၁၇ ဇွန် 

ဘာရိန်းနိုင်ငံ မာနာမာမြို့တွင် ဇွန် ၂၅ ရက်နေ့၌ ပြုလုပ်မည့် စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲမှာ အမေရိကန်ကထောက်ပံ့ ပေးထားသည့်ပွဲဖြစ်သည့်အတွက် ပါလက်စတိုင်းသည်အဆိုပါပွဲတွင်  ပါဝင်လိမ့်မည်မဟုတ်ဟု  ပါလက်စတိုင်းသမ္မတ  မာမွတ်အဘတ်စ်က စနေနေ့တွင် ပြောကြားခဲ့သည်။


အမေရိကန်၏      ငြိမ်းချမ်းရေးအစီအစဉ်ကို      ငြင်းဆိုကြောင်း    ဖာတာပါတီမှ လူငယ်လှုပ်ရှားမှု  ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ပါလက်စတိုင်းသမ္မတ အဘတ်စ်က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းပြဿနာကို ဖြေရှင်းရန် ငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန် အစိုးရအဖွဲ့ကမကြာမီတွင် ထုတ်ဖော်ပြောကြားသွားရန် စီစဉ်လျက်ရှိသည်။ ပါလက်စတိုင်းဘက်ကမူ ယင်းအစီအစဉ်ကို  လက်မခံဘဲပယ်ချကြောင်း   ကြေညာခဲ့သည်။

ဂျေရုဆလင်နှင့်  ပါလက်စတိုင်းတို့သည်   ရောင်းချရန် အတွက်မဟုတ်ဟု ပါလက် စတိုင်းသမ္မတက ပြောသည်။

ပါလက်စတိုင်းပြည်သူများ၏  တရားဝင်ရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်သည့် ပြည်နယ် တည်ထောင်ခွင့်အတွက် ပါလက်စတိုင်းခေါင်းဆောင်များ  ကြိုးစားနေကြောင်း  ၄င်း က ဆက်ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်မြို့ကိုအစ္စရေးမြို့တော်အဖြစ်   သတ်မှတ်လိုက်သည့်  အချိန်မှစ၍ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) နှင့်အမေရိကန်တို့၏ ဆက်ဆံရေးဆိုးရွားခဲ့သည်။

လွန်ခဲ့သည့်နှစ်မေလထဲတွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှ    အမေရိကန်သံရုံးကို  ဂျေရုဆလင်မြို့သို့  ပြောင်းရွှေ့ခဲ့သည်။ 

ဆင်ဟွာ