ဝါရှင်တန်  ဖေဖော်ဝါရီ   ၄

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးသ်ဟက်ဆက်သ်က  မက္ကဆီကိုနှင့် နယ်နိမိတ်ချင်း ထိစပ်နေ သည့် နိုင်ငံတောင်ပိုင်းနယ်စပ်ကို သွားရောက်စစ်ဆေးခဲ့ပြီး အမေရိကန်တပ်မတော်က     တရားမဝင်လူဝင်မှုပြဿနာကို ဖြေရှင်းရန် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ကာကွယ်ရေးဝန်ကြီး ဟက်ဆက်သ်သည်  ဖေဖော်ဝါရီ ၃ ရက်က တက္ကဆက်ပြည်နယ် အယ်ပါဆိုမြို့ သို့ သွားရောက်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ပံ့ပိုးအားဖြည့်ထားသော တပ်ဖွဲ့တစ်ဖွဲ့ကို စစ်ဆေးခဲ့သည်။ ထရမ့်သည် နယ်စပ်လုံခြုံမှ နိုင်ငံလုံခြုံမည်ဟု ယုံကြည်ထား ကြောင်း ၎င်းက ပြောသည်။

ထို့အပြင်   အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာသူများကို   ကျူးဘားနိုင်ငံ  ဂွာတာနာမိုရှိ    အမေရိကန်အခြေစိုက်စခန်း၌  ထားရှိသွားမည်ဖြစ်ပြီး နယ်စပ်ထိန်းချုပ်ရေးတွင်   အမေရိကန်ကို   မကူညီပါက   မက္ကဆီကိုကို   အခွန်စည်းကြပ်မည်ဟု  ထရမ့်က ပြောကြားထားသည်။

မက္ကဆီကိုအစိုးရက နယ်စပ်လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် ၁၀၀၀၀ ကို ဖြန့်ကြက်ချသွားမည် ဖြစ်ကြောင်း  ပြောကြားထားသည်။           

အင်န်အိတ်ချ်ကေ