ဒုတိယကမ္ဘာစစ်အတွင်း နစ်မြှပ်ခဲ့သည့် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်းမှ အပျက်အစီးများကို ပစိ ဖိတ်သမုဒ္ဒရာအတွင်းရှိ ဆော်လ်မွန်ကျွန်းစုအလွန် ရေအောက် ၄၂၀ဝ မီတာအနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

mdn


ကွယ်လွန်သူ မိုက်ခရိုဆော့ ပူးတွဲတည်ထောင်သူ ပေါလ်အယ်လန်းက ငွေကြေးပံ့ပိုးပေးထားသည့် အပြည်ပြည် ဆိုင်ရာ သုတေသနအဖွဲ့တစ်ဖွဲ့က အမေရိကန်လေယာဉ်တင်သင်္ဘော USS Wasp တွေ့ရှိမှုနှင့်ပတ်သက်၍ ယနေ့ အစီရင်ခံစာတစ်စောင်က  ထုတ်ပြန်ခဲ့သည်။  


အမေရိကန် လေယာဉ်တင်သင်္ဘော USS Wasp မှာ ကော်ရယ်ပင်လယ်အောက်ခြေ၌ရှိကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အဆိုပါအဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

မောင်းသူမဲ့ရေယာဉ်တစ်စင်းက ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် ကျောက်ဆူး၊ တံတားအစိတ်အပိုင်းနှင့် အမြောက်များအပြင် လေယာဉ်တင် သင်္ဘောပျက်ကိုလည်း ပြသနေသည်။


ဂွာဒယ်ရေလက်ကြားအလွန်၌ ဂျပန်တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ရေတပ်ဖွဲ့သို့ပူးပေါင်းရန် ၁၉၄၂ ခုနှစ်၊ ဇွန်လတွင် အမေရိကန်လေယာဉ်တင်သင်္ဘော USS Wasp ကို ဖြန့်ကြက်ခဲ့ခြင်း ဖြစ်သည်။ 


စက်တင်ဘာလ ၁၅ ရက်တွင် ယင်းသင်္ဘောကို ဂျပန်ရေငုပ်သင်္ဘောတစ်စင်းမှပစ်လွှတ်သည့် တော်ပီဒိုများ ထိမှန်ခဲ့ပြီး မီးလောင်ကြွမ်းခဲ့ခြင်း ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သည့် တပ်ဖွဲ့ဝင်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပြီးနောက် အဆိုပါလေယာဉ်တင် သင်္ဘောကို အမေရိကန်ဖျက်သင်္ဘောတစ်စင်းဖြင့် နစ်မြှပ်ခဲ့သည်။

 

mdn

 

အမေရိကန်လေယာဉ်တင်သင်္ဘော USS Wasp တွင် တပ်ဖွဲ့ဝင် ၂၀ဝ၀ ကျော် လိုက်ပါခဲ့ပြီး တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၁၇၆ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်ရေတပ်မှ မှတ်တမ်းများက ပြသနေသည်။

 

ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာ၌ အမေရိကန်လေယာဉ်တင်သင်္ဘော ၄ စင်း နစ်မြှပ်ခဲ့သည်ဟုဆို သည်။ ယခုကဲ့သို့ လေယာဉ်တင်သင်္ဘောပျက်ကို တွေ့ရှိမှုကြောင့် နစ်မြှပ်ခဲ့သည့် လေယာဉ်တင်သင်္ဘောများ အားလုံး၏ ကျန်ရှိသောတည်နေရာများကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်