၂ အောက်တိုဘာ

 

အမေရိကန် နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ဟာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် ဆွေးနွေးမယ်လို့ မနေ့က ကြေညာအပြီး ဒီကနေ့မှာတော့ မြောက်ကိုရီးယားက ရေငုပ်သင်္ဘောပေါ်ကနေ  ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း သိရပါတယ်။

 

ဝမ်ဆန်ဆိပ်ကမ်းနီးကနေ ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ မိုင်၂၈၀ အထိ ပစ်ခတ်နိုင်ပြီး အမြင့်ပေ ၉၁၀ အထိ ရောက်နိုင်တဲ့ ဒုံးကျည်ဖြစ်ကြောင်းနဲ့ အဲဒီဒုံးကျည်ဟာ ဂျပန်ပင်လယ်ထဲကို ကျသွားကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးရဲ့ အခုလိုဒုံးကျည်စမ်းသပ်ပစ်လွှတ်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို သွေဖယ်လိုက်တာဖြစ်တယ်။ အဲဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ ပြောကြားပါတယ်။ ဂျပန်အစိုးရဝန်ကြီးဌာနရဲ့ အကြီးအကဲ ဆူဂါက မြောက်ကိုရီးယားက ဒုံးကျည်တစ်စင်း ပစ်လွှတ်တာဖြစ်ပြီး ရေထဲကို မကျခင်မှာ အပိုင်းနှစ်ပိုင်း ကွဲသွားကြောင်း  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လေ့လာနေကြောင်း ပြောပါတယ်။

 

ဝါရှင်တန်နဲ့ ပြုံယမ်းတို့ရဲ့ ဆွေးနွေးပွဲဟာ အခုသီတင်းပတ်အကုန်မှာ စတင်မယ်လို့ ယမန်နေ့က နှစ်ဖက်လုံး အတည်ပြုထားပါတယ်။

 

MDN

ကိုးကား- AFP