အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား

ဖလော်ရီဒါစီးတီး  ၈ ဇူလိုင်  


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ  လူ ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းတွင် ဖလော်ရီဒါစီးတီး တောင်ဘက်ပိုင်းရှိ စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များရှိသော ဈေးဝယ်စင်တာတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

စားသောက်ဆိုင်တစ်ဆိုင်မှ ဂက်စ်ယိုစိမ့်ထွက်ရာမှ  အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  ဒေသန္တရ  မီဒီယာများက  သတင်းဖော်ပြကြသည်။

 

ဂက်စ်ပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် ဈေးဝယ်စင်တာ၏ နံရံများနှင့်ခေါင်မိုးများ ပြိုကျပျက်စီးခဲ့ရသည်။ အပျက်အစီး   အပိုင်းအစများသည် အနီးဝန်းကျင်ရ ယာဉ်ရပ်နားရာနေရာထိ လွင့်စဉ်ခဲ့ကြောင်း မှတ်တမ်း တင်ဗီဒီယိုတစ်ခုတွင် တွေ့မြင်ရသည်။

 

ယင်းဖြစ်ရပ်ကြောင့်  လူ ၂၀ အား ဆေးကုသမှုခံယူရန်   ဆေးရုံများသို့ပို့ဆောင်ခဲ့ကြရသည်။  ထိခိုက်ဒဏ်ရာ  ရရှိသူများအနက်  နှစ်ဦးမှာ စိုးရိမ်ရဖွယ်အခြေအနေတွင်ရှိကြောင်း  သိရသည်။

 

ဈေးဝယ်စင်တာသည် ကမ္ဘာလှည့်ခရီးသွားအများစု လာရောက်လေ့ရှိသည့် မီယာမီကမ်းခြေ၏ မြောက်ဘက်ကီလိုမီတာ ၄၀ ခန့်တွင် တည်ရှိသည်။ 

 

အင်န်အိတ်ချ်ကေ