ဩဂုတ် ၂၅
အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း ဝါရှင်ဒန်-ဒီစီတွင် ယမန်နေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်ပွားမှုနေရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသူနှစ်ဦးကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ထိုပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူသုံးဦးသည် ကုသမှုခံယူရန် နီးစပ်ရာဆေးရုံသို့သွားရောက်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ၎င်းတို့၏အခြေအနေကိုမူ မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ယင်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူအားလုံးမှာ အရွယ်ရောက်ပြီးသူများဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ကနဦးစုံစမ်းစစ်ဆေးချက်အရ အဆောက်အဦတစ်လုံး၏ရှေ့တွင် သေးငယ်သည့်အနက်ရောင် SUV ကားပေါ်မှ သံသယရှိသူနှစ်ဦးထက်မနည်းက ထိုလမ်းပေါ်ရှိလူများကို သေနတ်ဖြင့်ပစ်ခတ်ကာ မောင်းနှင့်ထွက်ပြေးသွားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို