မေ ၂၂

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်တစ်ခုအနီးတွင် ယမန်နေ့နှောင်းပိုင်းက အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီး ကစ်တီနိုအမ်ကပြောကြားသည်။

ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးတွင် ယနေ့ညက အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦးသံရုံးဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရသည်ဟု လူမှုကွန်ယက်ပလက်ဖောင်းအိတ်ချ်တွင် ဖော်ပြထားသည်။

အဆိုပါပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များထပ်မံရရှိရန် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက် ရှိသည်ဟု ၎င်းကထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို