ဇူလိုင် ၁၆

အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် ဇူလိုင်လ ၁၄ နှင့် ၁၅ ရက်တို့က မုန်တိုင်းများတိုက်ခတ်မှုကြောင့် ယမန်နေ့ညနေပိုင်းက အမေရိကန်နိုင်ငံ အသွားအပြန်လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသက်မုန်တိုင်းများတိုက်ခတ်မှုတို့ကြောင့် နယူးယောက်နှင့်နယူးဂျာစီတို့ရှိ လေဆိပ်များနှင့် လေကြောင်းခရီးစဉ်များ ရပ်နားခဲ့ရသည်။

နယူးဂျာစီမြု့ရှိ နိုင်ငံတကာလေဆိပ်တွင် ယမန်နေ့ညနေပိုင်းအထိ လေကြောင်းခရီးစဉ် ၃၆၂ ခုဖျက်သိမ်းခဲ့ရပြီး လေကြောင်းခရီးစဉ် ၃၃၇ ခု နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။

နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီနိုင်ငံတကာလေဆိပ်တွင် လေကြာင်းခရီးစဉ် ၃၁၈ ခုဖျက်သိမ်းခဲ့ရပြီး  ၄၂၆ ခု နှောင့်နှေးကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။

ထိုမြို့ရှိအခြားလေဆိပ်ဖြစ်သော လာဂတ်ဒီရာလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၇၀ ဖျက်သိမ်းခဲ့ရသည်။ ဘော့စတွန်လိုဂန်နိုင်ငံတကာလေဆိပ်တွင် ယမန်နေ့ညနေပိုင်းက မိုးသက်မုန်တိုင်များတိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ် ၂၆၀ နီးပါးဖျက်သိမ်းခဲ့ရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို