၁၃ ဇန်နဝါရီ

 

 

အမေရိကန် နိုင်ငံကို လေကြောင်းကနေ လာရောက်သူတိုင်း ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ပိုးကင်းစင်ကြောင်း ထောက်ခံစာ လိုအပ်ကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

 

ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် B117 ကူးစက်မှာကို စိုးရိမ်မှုတွေ ကြီးထွားလာတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ရတာဖြစ်ပြီး အဲဒီကြေညာချက်ဟာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စတင်သက်ဝင်မှာ ဖြစ်ပါတယ်။

 

 

အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ အကြီးအကဲ ရောဘတ် ရတ်ဖီးဒ် က ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်းဟာ ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်မှုကို လုံးဝ ထိန်းချုပ်နိုင်တာ မဟုတ်ပေမယ့် နေအိမ်မှာနေထိုင်ခြင်း၊ မျက်နှာဖုံး ဝတ်ဆင်ခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်းတွေ အားလုံး လုပ်ဆောင်ခြင်းက ခရီးသွားမယ်ဆိုရင် လုံခြုံနိုင်ကြောင်း ပြောပါတယ်။

 

 

အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဒဏ် အဆိုးဆုံး ခံရတဲ့နိုင်ငံဖြစ်ပြီး လူပေါင်း ၃၈၀,၀၀၀ နီးပါး သေဆုံးတာကို တွေ့ရပါတယ်။ အဲဒီအရေအတွက် ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူတွေရဲ့ ငါးပုံတစ်ပုံနီးပါး ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ လေးရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

 

 

ပြီးခဲ့တဲ့ သီတင်းပတ်က ကွန်ဂရက်လွှတ်တော်ဝင်းကို ထရမ့် ထောက်ခံသူတွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် လွှတ်တော်အမတ် ၃ ယောက်အထိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကို တွေ့ရပါတယ်။ လွှတ်တော်အတွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရေး ငြင်းဆိုတဲ့ ရက်ပက်ပလစ်ကန် ပါတီအမတ် အချို့အား ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ဒီမိုကရက်ပါတီဝင် လွှတ်တော်အမတ်က ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုလည်း မနေ့က ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

 

 

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ကပ်ရောဂါဟာ သဘာဝ ပတ်ဝန်းကျင်ကို ရေရှည်မှာ ဖျက်ဆီးနိုင်ကြောင်း၊ မျက်နှာဖုံးတွေကို ရေထုနဲ့ ပင်လယ်ကမ်းခြေတွေမှာ ရောက်ရှိလာခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်တွေကို ဆိုးကျိုးဖြစ်စေနိုင်ခြင်းနဲ့ မျက်နှာဖုံးတွေ ဆွေးမြည့်သွားရန် နှစ်ရာချီကြာနိုင်ကြောင်း သတိပေးနေကြပါတယ်။

 

 

MDN

ကိုးကား - AFP